နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း အားကစားကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်FC အသင်းကွင်းပိုင်အဖြစ် သိမ်းယူထားမှုကြောင့် ဒေသခံအားကစားများ ဆန္ဒပြတောင်းယူ သွားမည်ဖြစ်ကြောင်း ဒေသခံ အားကစားသမားဟောင်း အဖွဲ့အစည်းထံမှ သိရသည်။
ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း စတင်တည်ထောင်ရန် ယခင်က ဗိုလ်ကြီးစံဝင်း ဦးဆောင်ကာ မြို့မိမြို့ဖများနှင့် ၁၉၆၉၊ ၁၉၇၀ ခုနှစ်တွင် ဘုန်းတော်ကြီးတစ်ပါး ပိုင်ဆိုင်သော မြေရှစ်ဧကနှင့် မြို့မိမြို့ဖပိုင် လှူဒါန်းသော လယ်မြေစုစုပေါင်း ၁၄ ဧကပေါ်တွင် ပေါင်းလောင်း အားကစားကွင်းကို ၁၉၇၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။“အရင်က ပျဉ်းမနားမြို့မှာ အားကစားကွင်းမရှိလို့ မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီး ကော်မတီဖွဲ့တယ်။ မြို့အထွက် ဘုန်းတော်ကြီး ဦးအာဇေယျပိုင်တဲ့ လယ်မြေရှစ်ဧကကို
ဝတ္ထု ငွေကျပ် ၄၀၀၀ ကပ်ပြီး အလှူခံခဲ့တယ်။ အဲဒီနောက် မြို့မိမြို့ဖများဖြစ်တဲ့ သခင်ဘနီ၊ ဗိုလ်ကြီးစံဝင်း၊ ဦးလွင်၊ ဦးသိန်းဟန်တို့က မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းပြီး ပေါင်းလောင်း အားကစားကွင်းကို ကိုယ့်လုပ်အားနဲ့ကိုယ် အုတ်ဖုတ်ပြီးစပြီး တည်ထောင်ခဲ့တယ်။ အစိုးရပိုက်ဆံ တစ်ပြားမှမပါဘူး။ အခုဒီအစိုးရ လက်ထက်ကျမှ ပေါင်းလောင်းအားကစားကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းက သူ့သားပိုင်တဲ့ နေပြည်တော်FC အသင်းကွင်းပိုင်အဖြစ် သိမ်းယူသွားခဲ့တာ” ဟု ယခင်ပေါင်းလောင်း ဆပ်ကော်မတီ ဒိုင်အဖွဲ့ကစားသမားဟောင်း ဦးဘဟန်က ပြောကြားသည်။
လက်ဝှေ့အားကစားသမားဟောင်း ဦးအောင်ကြိုင်က “နေပြည်တော်FC အသင်းပိုင်အဖြစ် သိမ်းယူထားတာ တရားနည်းလမ်း မကျတဲ့အပြင် အာဏာရှင်ဆန်လွန်းလို့ ကျွန် တော်တို့ တစ်မြို့လုံးက အားကစားသမားတွေနဲ့ မြို့ခံပြည်သူလူထုက မြို့နယ်သက်ဆိုင်ရာ ရဲစခန်းကိုစာတင်ပြီး ဆန္ဒပြ တောင်းဆိုသွားမှာပါ” ဟု ပြောကြားသည်။
ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်တွင် ဒေသခံ အားကစားသမား ၁၀၀ ကျော် လက်မှတ်ရေးထိုး၍ အားကစားဝန်ကြီးဌာနသို့ အသနားခံစာ တင်ခဲ့သော်လည်း ယနေ့အချိန်ထိ အားကစားဝန်ကြီးဌာန အားကစားဝန်ကြီး ဦးတင့်ဆန်းက အကြောင်းပြန်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်းကို တွေ့ရစဉ်)
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment