လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 12, 2014

၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံးလက်ချင်းချိတ်ထားရမည်ဟု ဦးမင်းကိုနိုင် ပြောကြား

Photo: ၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံးလက်ချင်းချိတ်ထားရမည်ဟု ဦးမင်းကိုနိုင် ပြောကြား
Sunday, January 12, 2014

၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံး လက်ချင်းချိတ်ထားရမည်ဟု ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင်က ပြောကြားသည်။
    
ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအတွက် တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများအားလုံး အတူတူရပ်တည်မည်ဟူသည့် စိတ်ဓာတ်မျိုးရရှိရန် ကြိုးစားသွားမည်ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

၂၀၁၅ကို မရောက်ခင်မှာ ၂၀၁၄ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့လုပ်ရမှာ တော်တော်ကြီးကိုများပြီး ဖြတ်သန်းရမှာတွေက သိမ်မွေ့မယ်။ အကဲဆတ်မယ်။ ပြီးတော့ ပွန်းပွန်းရှရှဖြစ်စေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ထုတ်မပြောကြပေမဲ့ 
ဦးမင်းကိုနိုင်က "၂၀၁၅ကို မရောက်ခင်မှာ ၂၀၁၄ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့လုပ်ရမှာ တော်တော်ကြီးကိုများပြီး ဖြတ်သန်းရမှာတွေက သိမ်မွေ့မယ်။ အကဲဆတ်မယ်။ ပြီးတော့ ပွန်းပွန်းရှရှဖြစ်စေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ထုတ်မပြောကြပေမဲ့ ပူပန်သောကတွေလည်း ရှိလိမ်မယ့်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ပရိယာယ်များတဲ့ အချိုးအကွေ့တွေမှာ ဘာတွေဘွားခနဲ ပေါ်လာမလည်းဆိုတာ တချို့ကလည်း နားလည် ထားတယ်၊ သဘောပေါက်ထားတယ်။ ဒီကနေ့ ချောမွေ့ပေမဲ့ နောက်တစ်နေ ကြမ်းတမ်းသွားနိုင်တယ်။ တည့်တည့်ပြောရရင်တော့ ကျွန်တော်တို့ လက်ချင်းချိတ်ထားမှ ရပါလိမ့်မယ်။ ဘယ်သူမဆို အင်အားရှိတဲ့သူကို ခံ့ညားပါတယ်။ ဘယ်လောက်ပဲ မတရားလုပ်နေတဲ့ သူပဲဖြစ်ဖြစ်ပေါ့။ လက်တစ်ချောင်းချင်းဆိုရင်တော့ အင်မတန်ချိုးလို့ လွယ်ပါတယ်"ဟု ပြောကြားသည်။        

"ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာရှိစဉ်က ဘာမှာမလဲ ဘာမှာချင်လဲဆိုရင် အမြဲတန်းမှာနေတဲ့ စကားရှိပါတယ်။ အထဲကနေ ကျွန်တော်မှာတာက တစ်ခွန်းတည်းမှာလိုက်တယ်။ လက်သီးကိုသာ ဆုပ်ထားပါ။ ဖြန့်လိုက်တာနဲ့ တစ်ချောင်းချင်းချိုးမယ်။ ဒါဟာ သမိုင်းမှာလည်း ကြုံခဲ့ပြီးပါပြီ။ လက်ဆွဲနှုတ်ဆက်ဖို့အတွက်ကတော့ လက်သီးဖြည်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေအတွက်တော့ တစ်ချောင်းချင်း အချိုးခံလို့မရပါဘူး။
ကျွန်တော်တို့ပန်းတိုင်မရောက်သေးသရွေ့ ကျွန်တော်တို့ လက်ချောင်းတွေဟာ လိုအပ်ရင်လည်း လက်ဆွဲနှုတ်ဆက်ပြီးတော့ အဖြေရတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ဖို့။ နောက်တစ်မျိုးဆိုရင်လည်း အဆင်သင့်ဖြစ်နေအောင် ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အင်အားမျိုးနဲ့ ရှေ့ဆက်ပြီးတော့သွားပါစို့"ဟု ဦးမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။
    
၂၀၁၄ခုနှစ်တွင် တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုသည်မှာ ပြည်တွင်းငြိမ်ချမ်းရေးကို ဆိုလိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ဦးစွာပြုလုပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို ဦးစွာပြုလုပ်ရေးတို့နှင့်ပတ်သက်ပြီး ကွဲလွဲနေကြောင်း ယင်းအခြေအနေသည် နှစ်ဖက်လုံးအတွက် အကျပ်အတည်းဆိုက်သည့် အခြေအနေဖြစ်စေကြောင်း၊ အဆိုပါအကျပ်အတည်းကို သယ်ဆောင်သွားပြီး ရွေးကောက်ပွဲသို့သွားရန်ဆိုသည်မှာ မလွယ်ကူကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်က ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး၌ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group
၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံး လက်ချင်းချိတ်ထားရမည်ဟု ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင်က ပြောကြားသည်။
ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအတွက် တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများအားလုံး အတူတူရပ်တည်မည်ဟူသည့် စိတ်ဓာတ်မျိုးရရှိရန် ကြိုးစားသွားမည်ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။၂၀၁၅ကို မရောက်ခင်မှာ ၂၀၁၄ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့လုပ်ရမှာ တော်တော်ကြီးကိုများပြီး ဖြတ်သန်းရမှာတွေက သိမ်မွေ့မယ်။ အကဲဆတ်မယ်။ ပြီးတော့ ပွန်းပွန်းရှရှဖြစ်စေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ထုတ်မပြောကြပေမဲ့
ဦးမင်းကိုနိုင်က "၂၀၁၅ကို မရောက်ခင်မှာ ၂၀၁၄ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့လုပ်ရမှာ တော်တော်ကြီးကိုများပြီး ဖြတ်သန်းရမှာတွေက သိမ်မွေ့မယ်။ အကဲဆတ်မယ်။ ပြီးတော့ ပွန်းပွန်းရှရှဖြစ်စေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ထုတ်မပြောကြပေမဲ့ ပူပန်သောကတွေလည်း ရှိလိမ်မယ့်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ပရိယာယ်များတဲ့ အချိုးအကွေ့တွေမှာ ဘာတွေဘွားခနဲ ပေါ်လာမလည်းဆိုတာ တချို့ကလည်း နားလည် ထားတယ်၊ သဘောပေါက်ထားတယ်။ ဒီကနေ့ ချောမွေ့ပေမဲ့ နောက်တစ်နေ ကြမ်းတမ်းသွားနိုင်တယ်။ တည့်တည့်ပြောရရင်တော့ ကျွန်တော်တို့ လက်ချင်းချိတ်ထားမှ ရပါလိမ့်မယ်။ ဘယ်သူမဆို အင်အားရှိတဲ့သူကို ခံ့ညားပါတယ်။ ဘယ်လောက်ပဲ မတရားလုပ်နေတဲ့ သူပဲဖြစ်ဖြစ်ပေါ့။ လက်တစ်ချောင်းချင်းဆိုရင်တော့ အင်မတန်ချိုးလို့ လွယ်ပါတယ်"ဟု ပြောကြားသည်။

"ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာရှိစဉ်က ဘာမှာမလဲ ဘာမှာချင်လဲဆိုရင် အမြဲတန်းမှာနေတဲ့ စကားရှိပါတယ်။ အထဲကနေ ကျွန်တော်မှာတာက တစ်ခွန်းတည်းမှာလိုက်တယ်။ လက်သီးကိုသာ ဆုပ်ထားပါ။ ဖြန့်လိုက်တာနဲ့ တစ်ချောင်းချင်းချိုးမယ်။ ဒါဟာ သမိုင်းမှာလည်း ကြုံခဲ့ပြီးပါပြီ။ လက်ဆွဲနှုတ်ဆက်ဖို့အတွက်ကတော့ လက်သီးဖြည်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေအတွက်တော့ တစ်ချောင်းချင်း အချိုးခံလို့မရပါဘူး။
ကျွန်တော်တို့ပန်းတိုင်မရောက်သေးသရွေ့ ကျွန်တော်တို့ လက်ချောင်းတွေဟာ လိုအပ်ရင်လည်း လက်ဆွဲနှုတ်ဆက်ပြီးတော့ အဖြေရတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ဖို့။ နောက်တစ်မျိုးဆိုရင်လည်း အဆင်သင့်ဖြစ်နေအောင် ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အင်အားမျိုးနဲ့ ရှေ့ဆက်ပြီးတော့သွားပါစို့"ဟု ဦးမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။
၂၀၁၄ခုနှစ်တွင် တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုသည်မှာ ပြည်တွင်းငြိမ်ချမ်းရေးကို ဆိုလိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ဦးစွာပြုလုပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို ဦးစွာပြုလုပ်ရေးတို့နှင့်ပတ်သက်ပြီး ကွဲလွဲနေကြောင်း ယင်းအခြေအနေသည် နှစ်ဖက်လုံးအတွက် အကျပ်အတည်းဆိုက်သည့် အခြေအနေဖြစ်စေကြောင်း၊ အဆိုပါအကျပ်အတည်းကို သယ်ဆောင်သွားပြီး ရွေးကောက်ပွဲသို့သွားရန်ဆိုသည်မှာ မလွယ်ကူကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်က ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး၌ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..