လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 12, 2014

ထိုင်းဆန္ဒပြသူတွေကို ပစ်ခတ်မှုဖြစ်


အတိုက် အခံတွေဟာ ရှေ့လ ကျင်းပမယ့် ရွေးကောက်ပွဲကို ပိတ်ပင် တားဆီးဖို့ လုပ်နေကြ တာပါ။
ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ကိုလည်း ရာထူးက ဆေးပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပြီး၊ တနင်္လ࿿ာနေ့ကျရင် မြို့တော် ဘန်ကောက်မှာ လုပ်ငန်းတွေ အကုန် ရပ်သွားအောင် ပိတ်ဆို့ ဆန္ဒပြမှုတွေ အကြီး အကျယ် လုပ်မယ်လို့ ပြောပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ကတော့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမလား ဆိုတာကိုတော့ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား ပါတယ်။ထိုင်းကြည်းတပ် ဦးစီးချုပ်က ဆိုရင် အားလုံး
အနေနဲ့ တိုက်ခိုက် တာတွေ ရုန်းရင်း ဆန်ခတ် ဖြစ်တာတွေ ထပ် မလုပ်ကြဖို့ တိုက်တွန်း ပြောကြားလိုက် ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ တောင်းဆို လိုက်ပါတယ်။



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေကို သေနတ်သမား တွေက ပစ်ခတ် ခဲ့တဲ့ အတွက် ကြောင့် လူ ၇ ဦး ဒဏ်ရာ ရရှိ သွားပြီး အဲဒီ အထဲက တဦး ကတော့ ဒဏ်ရာ ပြင်းထန် တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..