လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 12, 2014

အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်သွားတဲ့ ချဲလ်ဆီး

Photo: အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်သွားတဲ့ ချဲလ်ဆီး
Sunday, January 12, 2014

ပရီးမီးယားလိဂ် ပွဲစဉ်(၂၁)မှာတော့ ချဲလ်ဆီး၊ ၀က်စ်ဟမ်း၊ စပါးတို့လို လန်ဒန်အသင်းတွေ အောင်ပွဲခံနိုင်ပြီး ဖူလ်ဟမ်ကတော့ အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ချဲလ်ဆီးဟာ အာဆင်နယ်၊ မန်စီးတီးတို့ မကစားရသေးမီ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ပထမပိုင်း ခြေစွမ်းက အားရလောက်စရာမရှိပေမယ့် ဒုတိယပိုင်းမှာတော့ ဟာဇတ်၊ တောရက်စ်တို့ရဲ့ အဆုံးသတ်ကောင်းမွန်မှုကြောင့် အခုလို နိုင်ပွဲရခဲ့တာပါပဲ။ 

စပါးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲမှာ ပွဲချိန်(၉)မိနစ်ကတည်းက ခရစ္စတယ်ပဲလေ့စ် ဦးဆောင်ဂိုး စရခဲ့ပေမယ့် ပန်ချီယွန်ရဲ့ ကန်ချက် စိတ်ပျက်လောက်စရာကောင်းအောင် လွဲချော်ခဲ့တာကြောင့် စပါး သက်သာရာရခဲ့ပြီး အဲရစ်ဆင်၊ ဒီဖိုးတို့ရဲ့ ဒုတိယပိုင်းဂိုးတွေကြောင့် အနိုင်ရခဲ့ပြီး နည်းပြ ရှားဝုဒ်ကို မှတ်တမ်းကောင်း ရရှိစေခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၁)ရလဒ်များ

ဟူးလ်စီးတီး ၀-၂ ချဲလ်ဆီး
ကာဒစ်ဖ် ၀-၂ ၀က်စ်ဟမ်း
အဲဗာတန် ၂-၀ နောဝစ်ခ်ျ
ဖူလ်ဟမ် ၁-၄ ဆန်းဒါးလန်း
ဆောက်သမ်တန် ၁-၀ ၀က်စ်ဘရွန်း
စပါး ၂-၀ ခရစ္စတယ်ပဲလေ့စ်

ထူးခြားမှတ်တမ်း

ချဲလ်ဆီးတိုက်စစ်မှူး တောရက်စ်မှာ ၂၀၁၂ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့။

ပြီးခဲ့သည့်ရာသီက တစ်ရာသီလုံးသွင်းဂိုး ၉ဂိုးသာ ရရှိခဲ့သည့် ဟာဇတ်မှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် သွင်းဂိုး (၉)ဂိုးအထိ ရရှိထား။

ပီတာချက်မှာ ချဲလ်ဆီးနှင့်အတူ ပေးဂိုးမရှိ ကစားနိုင်သည့်ပွဲ (၂၀၉)ပွဲအထိ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၅၀) ဂိုးမပေးခဲ့ရသည့် ဒုတိယမြောက် ဂိုးသမားဖြစ်လာ။

ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ပန်ချီယွန်မှာ ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပထမဆုံး ပင်နယ်တီလွဲချော်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်။

ယခုရာသီတွင် အိမ်ကွင်းပေးဂိုး (၂၂)ဂိုး ပေးထားရသည့် ဖူလ်ဟမ်မှာ ပရီးမီးယားလိဂ်အသင်းများအနက် အိမ်ကွင်းပေးဂိုးအများဆုံး ပေးထားရသည့် အသင်းဖြစ်နေ။

စပါးအတွက် လူစားဝင်ဂိုးသွင်းခဲ့သည့် ဒီဖိုးမှာ လူစားဝင်သွင်းဂိုး (၂၂)ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကစားသမားများအနက် လူစားဝင်ဂိုး အများဆုံးသွင်းနိုင်သူအဖြစ် ရပ်တည်။

ရိုးရာလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..