လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 12, 2014

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား ဒါရိုက်တာ အဖြစ် ဦးမင်းထင်ကိုကိုကြီး ဆောင်ရွက်မည်။


 ဇန်န၀ါရီ၈ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်းတွင်ကျင်းပသည့်အစည်းအဝေးမှဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်နိုင်ရန်
အတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်မြောက်ရေးအဖွဲ့ဝင်များတွေ့ဆုံခဲ့သည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြရာဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး
အဖွဲ့ ၏ ကိုယ်စား ထုတ်လုပ်သူအဖြစ် ဒေါ်အိအိခိုင် ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား


ဒါရိုက်တာ အဖြစ် ဦးမင်းထင်ကိုကိုကြီး ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား ဇာတ်ညွှန်း နှင့် ပတ်သတ်၍ သမိုင်းအချက်အလက်ရှာဖွေရေး အဖြစ် ဦးမော်လင်း တို့ကို ရွေးချယ်ခဲ့ကြကြောင်းဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်းမှသတင်းသိရှိရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့
အနေဖြင့် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ် အမှတ်တရ နေ့ထူးနေ့မြတ်များတွင် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
လှုပ်ရှားမှု များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လည်းဆုံးဖြတ်ခဲ့ကြကြောင်းသိရပါသည် ။


PopularNewsJournal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..