အုပ်စု (E)
******
ချယ်ဆီး အသင်းအနေနှင့် သရေတစ်မှတ် ရရုံဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်ပြီး အနိုင်ရရှိပါက အုပ်စုဗိုလ်အဖြစ် သေချာမည် ဖြစ်သည်။
ရှောကေးလ်အသင်းအနေနှင့် စတူအာ ဘူခါရက်ကို အနိုင်ရပြီး တစ်ဖက်မှ ဘေဆယ်အသင်းက ချယ်ဆီးအသင်းကိုရှုံးနိမ့်ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်။
ဘေဆယ် အသင်းအနေနှင့် ယနေ့ည ချယ်ဆီး အသင်းကို အနိုင်မရပါက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာပင် လှည့်ပြန်ရမည် ဖြစ်သည်။
စတူအာ ဘူခါရက် အသင်းအနေနှင့် ယနေ့ည ရှုံးနိမ့်ပါက ပြိုင်ပွဲမှ ထွက်ခွာရပြီ ဖြစ်သည်။
အုပ်စု (F)
*******
အာဆင်နယ်အသင်းအနေနှင့် မာဆေးအသင်းကို အနိုင်ရရှိပြီး တစ်ဖက်မှ နာပိုလီ အသင်းက ဒေါ့မွန်ကို အနိုင်(သို့မဟုတ်) သရေ ရရှိပါက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
နာပိုလီ အသင်းအနေနှင့် ဒေါ့မွန်ကို အနိုင်(သို့မဟုတ်) သရေ ရလာဒ် ရယူနိုင်ပြီး တစ်ဖက်မှ အာဆင်နယ်အသင်းက မာဆေးလ်အသင်းကို အနိုင်ရခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပြီ ဖြစ်သည်။
ဒေါ့မွန်အသင်းအနေနှင့် ယနေ့ပွဲမှာ နာပိုလီကိုအနိုင်မရခဲ့ပဲ တစ်ဖက်မှ အာဆင်နယ်အသင်းက မာဆေးအသင်းကို အနိုင်ရသွားပါက ချန်ပီယံလိဂ်မှ ထွက်ခွာရပြီ ဖြစ်သည်။
မာဆေး အသင်းအနေနှင့် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ဖြစ်သည်။
အုပ်စု (G)
*******
အက်သလက်တီကို မက်ဒရစ် အသင်းဟာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ရပြီး ဖြစ်သည်။
ဇင်းနစ် စိန့်ပီတာ စဘတ်အသင်းအနေနှင့် အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရရှိပြီး ပေါ်တိုအသင်းသာ သြစတြီးယား ဝီယင်ကို သရေ(သို့မဟုတ်) ရှုံးနိမ့်ခဲ့ပါက ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
ပေါ်တိုအသင်းအနေနှင့် ယနေ့ညပွဲမှာ အနိုင်မရခဲ့ပဲ ဇင်းနစ် စိန့်ပီတာ စဘတ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရသွားပါက ပြိုင်ပွဲမှ ထွက်ခွာရပြီ ဖြစ်သည်။
သြစတြီးယားဝီယင်အသင်း အနေနှင့် ယနေ့ညပွဲမှာ အနိုင်မရခဲ့ပဲ ဇင်းနစ် စိန့်ပီတာ စဘတ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရသွားပါက ပြိုင်ပွဲမှ ထွက်ခွာရပြီ ဖြစ်သည်။
အုပ်စု (H)
*******
ဘာစီလိုနာ အသင်းဟာ ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီး ဖြစ်သော်လည်း ယနေ့ညပွဲစဉ်မှာ အနိုင်ရရှိပါမှ အုပ်စုဗိုလ်အဖြစ် သေချာမည် ဖြစ်သည်။ အကယ်၍ သရေကျခဲ့ပါက တစ်ဖက်မှ အေစီမီလန်အသင်းက ဆဲလ်တစ်အသင်းကို အနိုင်မရပါမှ အုပ်စုဗိုလ်အဖြစ် သေချာမည်ဖြစ်သည်။
အေစီမီလန်အသင်းအနေနှင့် ဆဲလ်တစ်အသင်းကို အနိုင်ရပြီး တစ်ဖက်မှ အေဂျက်အသင်းက ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
အေဂျက်အသင်းအနေနှင့် ဘာစီလိုနာကို ရှုံးနိမ့်ပြီး တစ်ဖက်မှ အေစီမီလန်အသင်းက ဆဲလ်တစ်အသင်းကို အနိုင်ရရှိသွားပါက ပြိုင်ပွဲမှ ထွက်ခွာရမည် ဖြစ်သည်။
ဆဲလ်တစ်အသင်းအနေနှင့် ယနေ့ည အေစီမီလန်ကို ရှုံးနိမ့်ပါက ပြိုင်ပွဲမှ ထွက်ခွာရပြီ ဖြစ်သည်။
အောင်စိုးမိုး
www.football-cafe.com

No comments:
Post a Comment