လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 27, 2013

ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်

Photo: ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်
Tuesday, November 26, 2013

အသက်(၃၈)နှစ်ရှိ မင်းသမီးသည် World War Zစတား မင်းသား၏ အသက်(၅၀)ပြည့် မွေးနေ့တွင် အမှတ်တရ လက်ဆောင်အနေဖြင့် ဒေါ်လာ (၁၂)သန်းတန် အသည်းပုံကျွန်းကို ဝယ်ယူ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်
ဘရတ်ပစ်တ်အတွက် မွေးနေ့လက်ဆောင်အဖြစ် အန်ဂျလီနာဂျိုလီက တန်ဖိုးကြီးသည့် အသည်းတစ်ခု ပေးအပ်ခဲ့ကြောင်း သိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးသည် World War Zစတား မင်းသား၏ အသက်(၅၀)ပြည့် မွေးနေ့တွင် အမှတ်တရ လက်ဆောင်အနေဖြင့် ဒေါ်လာ (၁၂)သန်းတန် အသည်းပုံကျွန်းကို ဝယ်ယူ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်းပေါ်တွင် ပစ်တ်အကြိုက်ဆုံး ဗိသုကာပညာရှင် ဖရန့်ခ်လွိုက်ရိုက်၏လက်ရာ အိမ်နှစ်လုံးကိုလည်း ဆောက်လုပ်ထားရာ ဂျိုလီက အလွန်သဘောတကျဖြင့် ဝယ်ယူခဲ့ခြင်းဟု ဆိုသည်။ အဆိုပါကျွန်းကို ပိုင်ဆိုင်ရန်အတွက် ဂျိုလီက ဒေါ်လာ (၁၂.၂)သန်းထိ ဈေးပေးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

နီးစပ်သူများက "ဂျိုလီက အသည်းပုံ ကျွန်းလေးတစ်ခု ရောင်းဖို့အတွက် ဈေးကွက်ထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်တဲ့နောက် ချက်ချင်းလိုလိုပဲ ကြည့်ချင်တယ်လို့ တောင်းဆိုတယ်။ တကယ့်လက်တွေ့မှာလည်း သူတော်တော်လေး သဘောကျသွားပါတယ်။ အိမ်လေးတွေကလည်း ချစ်စရာကောင်းတယ်။ မိသားစု နားနေလို့ရသလို Romanticဆန်ဆန် ဆောက်ထားတာ။ ပြီးတော့ တကယ့်ကို တသီးတခြား လွတ်လွတ်လပ်လပ်ရှိတယ်။ ကျွန်းလေးရဲ့ ပုံသဏ္ဍန်ကလည်း ပစ်တ်ကို လက်ဆောင်ပေးတဲ့အခါ အဓိပ္ပါယ် အများကြီး ရှိမယ်လို့ ဂျိုလီက ယူဆထားတယ်"ဟု ပြောကြားခဲ့ကြသည်။ ပစ်တ်နှင့် ဂျိုလီတို့သည် ဟောလီးဝုဒ်၏ အကြီးကျယ်ဆုံး ရွှေရောင်စုံတွဲတစ်ခုအဖြစ် ရပ်တည်နေသော်လည်း ယခုတိုင် အတိအလင်း လက်မထပ်ဖြစ်သေးချေ။ ၎င်းတို့နှစ်ဦးသည် (၂၀၀၅)ခုနှစ် ကတည်းက အတူနေထိုင်ခဲ့ပြီး မွေးစားကလေးငယ် (၃)ဦး အပါအဝင် သားသမီး(၆)ဦး ရရှိထားပြီး ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..