လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 27, 2013

အမျိုးသားနေ့တို့မမေ့......

Photo: အမျိုးသားနေ့တို့မမေ့......
Wednesday, November 27, 2013

၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်)နေ့သည် မြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။
အမျိုးသားနေ့သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောရလျှင် နယ်ချဲ့တို့သည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပညာရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီပညာရေးကို သင်ကြားစေခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရား သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် ပညာရေးစနစ်တစ်ခုဖြစ်သည်။ နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပညာရေးစနစ် ဖြစ်သည့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့ တစ်မျိုးသားလုံးက ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ဂျီစီဘီအေ အသင်းကြီးက သတ်မှတ်ခဲ့သည်။
မြန်မာတို့၏ ဇာတိသွေး ဇာတိမာန် နိုးကြားတက်ကြွရှင်သန်စေရန် မျိုးစေ့ချပေးခဲ့သည့် အမျိုးသားနေ့သည် မြန်မာလူမျိုးများအတွက် အမြဲတစေ သတိရနေရမည့် အနှစ်သာရပြည့်ဝပြီး တန်ဖိုးကြီးလှသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြရင်း (၉၃)နှစ်မြောက် အမျိုးသားနေ့ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

မြန်မာ့သွေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..