IC တီးဝိုင်း အဖွဲ့ကို တစ်ည ဖျော်ဖြေခ ကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်း ကာ
ကျင်းပ မည့် ဇွဲကပင် တောင် ကေဘယ်လ် ကား ရန်ပုံ ငွေ ဖျော်ဖြေ ပွဲ ကို နိုဝင်ဘာ
၇ ရက် နှင့် ၈ ရက်တွင် ကရင် ပြည်နယ်၊ သီရိကွင်း တွင် ကျင်းပ မည် ဖြစ်သည်။
ယင်း ဖျော်ဖြေ ပွဲ မှ ရရှိငွေ များ ကို အယောက် ၄၀ စီးနင်း နိုင်သော ကေဘယ်လ်
ကား အား မှာယူ ရန် အတွက် ဖြစ်ပြီး ၎င်းကို မလေးရှား၊ မြန်မာ ပညာရှင် များ က
ပူးပေါင်း တပ်ဆင် သွားမည် ဖြစ်သည်။
“ဒီပွဲ ကို စည်ကား သိုက်မြိုက်စွာ နဲ့ ကျင်းပ သွားမှာ ပါ။ အစ်ကို တို့၊ လေးဖြူ တို့ရဲ့ ဖျော်ဖြေ ပွဲ အပြင် တခြား သော အနုပညာ ရှင်တွေ က လည်း သူတို့ တတ်စွမ်း တဲ့ အနု ပညာ နဲ့ လှူဒါန်းမှု မှာ ပါဝင် ကြမှာ ပါ။ ဒီ ပွဲ အတွက် သေချာ လေး စီစဉ် ထားကြ ပါတယ်” ဟု ယင်း ပွဲဖြစ်မြောက် ရေး ကော်မတီ နှင့် ရန်ပုံငွေ ရှာဖွေ ရေး မှ ဒါရိုက်တာ အဏ်ထော်ဏီ က မဇ္ဈိမ သို့ ပြော သည်။
ယင်း ဖျော်ဖြေပွဲ အတွက် စီစဉ် သူများ သည် Bagan Entertainment မှ တစ်ဆင့် Iron Cross တီးဝိုင်း နှင့် အဆိုတော် များ ကို တစ်ည ဖျော်ဖြေ မှု အတွက် ကျပ် သိန်း ၂၅၀ ဖြင့် ငှားရမ်း ခဲ့ပြီး ဖျော်ဖြေ ပွဲ ပြီးဆုံး ပါက ထူးဖောင် ဒေးရှင်း မှ ကေဘယ်လ် ကား စီမံကိန်း အတွက် ကျပ် သိန်း ၅၀ ပြန်လည် လှူဒါန်း သွားမည် ဖြစ်သည်။
ယင်း ဖျော်ဖြေ ပွဲ ကို ညနေ ၅ နာရီ မှ ည ၁၁ နာရီ အထိ ကျင်းပမည် ဖြစ်ကာ ၀င်ကြေး ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ် ထား သည်။ ယင်း ဖျော်ဖြေ ပွဲ တွင် လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း၊ မျိုးကြီး တို့နှင့် အတူ မီးမီးခဲ၊ မေသူခိုင် စသော အနုပညာ ရှင်များ လည်း ဖျော်ဖြေ မည် ဖြစ်သည်။
Mizzima

No comments:
Post a Comment