လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 23, 2013

ဘရူနိုင်းက မွတ်စလင်တွေ အတွက် ပြင်းထန်တဲ့ ဥပဒေချမှတ်

Photo: ဘရူနိုင်းက မွတ်စလင်တွေ အတွက် ပြင်းထန်တဲ့ ဥပဒေချမှတ်
Wednesday, October 23, 2013

ဘရူနိုင်းနိုင်ငံက Sultan ပသီဘုရင်က ဘရူနိုင်းနိုင်ငံအတွင်း မွတ်စလင်တွေ
အတွက် Sharia ဥပဒေကို ခြောက်လအတွင်း အသုံးပြုဖို့ စီစဉ်နေပါတယ်။

ဥပဒေသစ်အရ အိမ်ထောင်ဖောက်ပြန်သူတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်အပြစ်ပေးတာတွေ၊ သူခိုးတွေရဲ့ လက်ကို ဖြတ်တောက်တာတွေ၊ အရက်သေစာ သောက်သုံးသူတွေနဲ့ ကိုယ်ဝန်ဖျက်ချသူတွေကို ကြိမ်ဒဏ် အပြစ်ပေးတာတွေ ပါဝင်ပါတယ်။

ဒီလို ပြင်းထန်တဲ့ ဥပဒေတွေ ချမှတ်တဲ့အတွက် ဝေဖန်မှုတွေရှိပေမယ့် ဘရူနိုင်းနိုင်ငံက ထိပ်တန်း အစ္စလာမ်မစ် ပညာရှင် ကတော့ ဒါဟာ လူတွေအတွက် ကောင်းအောင် ကျင့်သုံးတဲ့ ဥပဒေသာ ဖြစ်တယ်လို့
ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ လူဦးရေ ၄ သိန်းကျော်သာရှိပြီး အဲဒီထဲက သုံးပုံ နှစ်ပုံဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဘရူးနိုင်းနိုင်ငံ Sultan ဘုရင်ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ပုဂ္ဂိုလ်ဖြစ်ပြီး သူ့မှာ ကားအစီးပေါင်း ၆၀၀၀၊ ဒေါ်လာ သန်းပေါင်း ၄၀၀ တန်ဖိုးရှိတဲ့ လေယာဉ်တစ်စီးကိုလည်း ပိုင်ဆိုင်ပြီး သူ့ရဲ့ နန်းတော်မှာ အခန်းပေါင်း နှစ်ထောင်နီးပါးရှိပြီး ကိုယ်ပိုင် ဗလီတစ်လုံးရှိတဲ့အပြင် အဲဒီအဆောက်အဦးကို ရွှေတွေ စိန်တွေနဲ့ ဆောက်လုပ်ထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..