လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 23, 2013

အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ အကျိုးတူ အဝေးပြေးလမ်းမကြီး မကြာမီ စတင်မည်

Photo: အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ အကျိုးတူ အဝေးပြေးလမ်းမကြီး မကြာမီ စတင်မည်
Wednesday, October 23, 2013

အိန္ဒိယ၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့အား ဆက်သွယ်မည့် အ ဝေးပြေးလမ်းမကြီးမှာ မကြာမီ လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် စက်မှုဝန်ကြီးအန် နင်းရှာမာက ကြာသပတေးနေ့ တွင် ပြောကြား လိုက်သည်။

ဤအဝေးပြေးလမ်းမကြီး မှာ ဒေသတွင်းကုန်ပစ္စည်းများ လွယ်ကူချောမွေ့စွာ သယ်ယူပို့ ဆောင်ရေးကို အထောက်အကူ ပြုမည်ဖြစ်သည်။ ''ကျွန်တော်တို့ သုံးနိုင်ငံအကျိုးတူ အဝေးပြေးလမ်းအတွက် မြန်မာနဲ့ ထိုင်းအစိုးရတွေနဲ့ ညှိ နှိုင်းဆောင် ရွက်နေကြောင်း၊ မျှော် လင့်ချက်တွေ မကြာခင်ပြည့်တော့ မှာပါ''ဟု ရှာမာကCll Function အစည်းအဝေး၌ ပြောကြား ခဲ့သည်။ ဤအဝေးပြေး လမ်းမကြီး မှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမှ မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက် အထိ ဖြစ် သည်။ ဤကိစ္စအတွက် ၂၀၀၂ခု နှစ် ဧပြီလတွင် ရန်ကုန်မြို့၌ သုံး နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးခဲ့ ပြီးဖြစ်သည်။ ဤလမ်းမကြီး သည် အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ဆက်သွယ်ရေး ကို ထူထောင်မည့် ထူးခြားသော ခြေလှမ်း လည်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ အိန္ဒိယပဲ မျိုးစုံသွင်းကုန်၏ သုံးပုံတစ်ပုံကို တင်ပို့နေပြီး သစ်ငါးပုံတစ်ပုံကို တင်ပို့လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ကုလား တန်မြစ်ကြောင်းစီမံကိန်းနှင့် ကုန်း လမ်းများဖွံ့ဖြိုးရေးကို မြန်မာနိုင်ငံ နှင့် လုပ်ကိုင်လျက်ရှိသည်။ စစ် တွေနှင့် ကိုးလ်ကတ္တားမြို့တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ပို့ဆောင်ရေးဖြတ်လမ်းမှ တစ်ဆင့် အိန္ဒိယသည် ကမ္ဘောဒီး ယား၊ လာအို၊ ဗီယက်နမ်၊ မြန် မာတို့နှင့် ဆက်သွယ်မည်ဟု ရှားမားက ဆိုသည်။

အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ယခုကဲ့သို့သောအဝေးပြေးလမ်းမကြီးဖြစ်လာမည်။ 

ဓာတ်ပုံ - Zee News.India.com
ွှ့The Yangon Times
အိန္ဒိယ၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့အား ဆက်သွယ်မည့် အ ဝေးပြေးလမ်းမကြီးမှာ မကြာမီ လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် စက်မှုဝန်ကြီးအန် နင်းရှာမာက ကြာသပတေးနေ့ တွင် ပြောကြား လိုက်သည် ဤအဝေးပြေးလမ်းမကြီး မှာ ဒေသတွင်းကုန်ပစ္စည်းများ လွယ်ကူချောမွေ့စွာ သယ်ယူပို့ ဆောင်ရေးကို အထောက်အကူ ပြုမည်ဖြစ်သည်။ ''ကျွန်တော်တို့ သုံးနိုင်ငံအကျိုးတူ အဝေးပြေးလမ်းအတွက် မြန်မာနဲ့ ထိုင်းအစိုးရတွေနဲ့ ညှိ နှိုင်းဆောင် ရွက်နေကြောင်း၊ မျှော် လင့်ချက်တွေ မကြာခင်ပြည့်တော့ မှာပါ''ဟု ရှာမာကCll Function အစည်းအဝေး၌ ပြောကြား ခဲ့သည်။ ဤအဝေးပြေး လမ်းမကြီး မှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမှ မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက် အထိ ဖြစ် သည်။ ဤကိစ္စအတွက် ၂၀၀၂ခု နှစ် ဧပြီလတွင် ရန်ကုန်မြို့၌ သုံး နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးခဲ့ ပြီးဖြစ်သည်။ ဤလမ်းမကြီး သည် အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ဆက်သွယ်ရေး ကို ထူထောင်မည့် ထူးခြားသော ခြေလှမ်း လည်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ အိန္ဒိယပဲ မျိုးစုံသွင်းကုန်၏ သုံးပုံတစ်ပုံကို တင်ပို့နေပြီး သစ်ငါးပုံတစ်ပုံကို တင်ပို့လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ကုလား တန်မြစ်ကြောင်းစီမံကိန်းနှင့် ကုန်း လမ်းများဖွံ့ဖြိုးရေးကို မြန်မာနိုင်ငံ နှင့် လုပ်ကိုင်လျက်ရှိသည်။ စစ် တွေနှင့် ကိုးလ်ကတ္တားမြို့တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ပို့ဆောင်ရေးဖြတ်လမ်းမှ တစ်ဆင့် အိန္ဒိယသည် ကမ္ဘောဒီး ယား၊ လာအို၊ ဗီယက်နမ်၊ မြန် မာတို့နှင့် ဆက်သွယ်မည်ဟု ရှားမားက ဆိုသည်။

အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ယခုကဲ့သို့သောအဝေးပြေးလမ်းမကြီးဖြစ်လာမည်။

ဓာတ်ပုံ - Zee News.India.com
ွှ့The Yangon Times

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..