အိန္ဒိယတွင် ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွာဆုံး မုန်တိုင်းဒဏ်ခံခဲ့ရသော
အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာ သွန်းခြင်းများ
ဆက်တိုက်နီးပါးဖြစ်ပွားခဲ့သဖြင့် ရေလွှမ်းမိုးကာ သေဆုံးသူပေါင်း ၄၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။သြရိဿပြည်နယ် အရှေ့ပိုင်းတွင် ရေကြီး၊ ရေလျှံမှုဒဏ်ကို
ထောင်ပေါင်းများစွာသော အိုးအိမ်များက ခံစားနေကြောင်း၊ ခရိုင်ငယ် ၃၀
နီးပါးမှ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း
အများစုမှာလည်း ပြတ်တောက် နေပြီဖြစ်ကြောင်း အိန္ဒိအမျိုးသား သတင်းအေဂျင်စီ
Press Trust အောက်တိုဘာ ၂၆ရက်က ကြေညာခဲ့သည်။ ယခုရေလွှမ်းမိုးနေသည့်
ဒေသများသည် ပြီးခဲ့သည့် နှစ်ပတ်က ဆိုင်ကလုန်း ဖိုင်လင်းမုန်ုတိုင်း
ဝင်မွှေခဲ့ သော နေရာများဖြစ်၍ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေ
ပြတ်လပ်မှု ပိုနိုင်ပြီး လက်ရှိအခြေအနေအရ ရေသည် နောက်ထပ်
၄၈နာရီကြာမြင့်ချိန် ရောက်မှသာ ကျသွားဖွယ်ရှိသည်ဟု သိရသည်။
မြန်မာ့ခေတ်
မြန်မာ့ခေတ်

No comments:
Post a Comment