လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, October 28, 2013

ကားတိုက်မှုဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း

Photo: ကားတိုက်မှုဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း
Monday, October 28, 2013

ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာ နေထိုင်တဲ့ ဒေးဗစ် ဘက်ခမ်း တစ်ယောက် ယာဉ်တိုက်မှု ဖြစ်ပါတယ်။ အဝေးကြီးမှာ မဟုတ်ပါဘူး။ သူ့အိမ်ရှေ့ မှာတင် ဖြစ်ပါတယ်။ 

အင်္ဂလန် Range Rover ကားတစ်စီးနဲ့ အိမ်ရှေ့ က ဖြတ်သွားနေတဲ့ SUV တစ်စီးကို ဝင်တိုက်မိပြီးနောက် ကားကို ခြံထဲ ပြန်သွင်းပြီး နေခဲ့ ပါတယ်။ ၂ ဘက်စလုံး ကားကလွဲလို့ လူတွေ အထိမနာပါဘူး။ အတိုက်ခံရတဲ့ အမျိုးသမီး SUV ရဲ့  ညာဘက်ခေါင်း ဒေါင့်မှာ ချိုင့်သွားပြီး ဘက်ခမ်းရဲ့  Range Rover ကတော့ ရှေ့ က ရှဲ ပြုတ်ထွက်သွားပါတယ်။ ပြုတ်သွားတဲ့ ဘမ်ပါကို အိမ်ရှေ့ မှာ ဒီတိုင်းပဲ ထားခဲ့တော့ အကောင်းဆုံး သက်သေ ဖြစ် သွားပြီး ရဲတို့ ရောက်ရှိလာပါတယ်။ 

ဒဏ်ငွေလောက်ပဲ ဆောင်ရမှာပါ။ သို့ပေမယ့် Celebrity တစ်ယောက်ဖြစ်တဲ့ ကားတိုက်မှုဆိုတော့ ပွဲအတော်စည်သွားပါတယ်။ ဘက်ခမ်းအိမ်ရှေ့ မှာတင် သတင်းထောက်ပေါင်းမြောက်များစွာနဲ့ စည်ကားခဲ့ပြီး ကားကော၊ လူကော ဓာတ်ပုံအရိုက်ခံရတာ အချက်ပေါင်း ၁ ထောင်မက လောက် ပါဘူး။ နောက်တော့ ဘက်ခမ်း တစ်ယောက် ကားတိုက်မှု ဖြစ်ကြောင်း ယခုလို အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့ ပါတော့တယ်။ 
.
Ref: celebritycars
ColayAutomobile

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..