လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, October 28, 2013

ပြောင်းလဲလာသည့် ဆရာတပည့်ဆက်ဆံရေး

Photo: ပြောင်းလဲလာသည့် ဆရာတပည့်ဆက်ဆံရေး
Monday, October 28, 2013

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ဝန်းကျင်လောက်က ညီတစ်ယောက်လို ခင်မင်သည့်သူတစ်ယောက်က ကျွန်တော့်ထံ ဖုန်းဆက်၍အကူအညီတစ်ခုတောင်းသည်။ ယခုအောက်တိုဘာလ နောက် ဆုံးပတ်ထဲတွင် သူတို့နှစ် (၁၉၉၅ ခုနှစ်) ဆယ်တန်းအောင် ကျောင်းသူ၊ ကျောင်းသားများစုပေါင်း၍ အလယ်တန်း၊ အထက်တန်းတွင် သင်ကြားခဲ့ရသော ဆရာ၊ ဆရာမဟောင်းများကို ပူဇော်ကန်တော့သည့်ပွဲတစ်ခု ကျင်းပရန်ရှိပါသည်တဲ့။ ထိုပွဲအတွက်ကျွန်တော့်ထံမှ ဆရာ၊ ဆရာမများကို ကန်တော့သည့် ကန်တော့ချိုးတစ်ခုရေးပေးပါရန် အကူအညီတောင်းခံလာပါသည်။ ဤအကြောင်းနှင့်ဆက်စပ်ပြီး ဟိုခေတ်က ဆရာတပည့်ဆက်ဆံရေးနှင့် ယနေ့ခေတ်ဆရာတပည့်ဆက်ဆံရေးကို တွေးမိရာမှ ယခုစာစုကိုကျွန်တော်ရေးမိခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ လူမျိုးသည်ဆရာကို အလွန်ရိုသေတတ်ကြ၏။ အာစရိယဂုဏောအနန္တောဟုပင်ဆိုကြသည်။ အနန္တောအနန္တငါးပါးတွင် သွတ်သွင်းကာ မိဘနှင့်သာမက ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးနှင့်ပင် တစ်တန်းတည်းအရာသွင်းကြ၏။ ဆရာဟုဆိုလိုက်သည်နှင့်ပင်မိမိသင်ဖူးသည်ဖြစ်စေ၊ မသင်ဖူးသည်ဖြစ်စေ စိတ်ကအလိုလိုကိုင်းညွတ်တတ်ကြ၏။ ကျောင်းတော်ကြီးမှ ထွက်ခွာပြီးနောက် ပိုင်းတွင်လည်း ဆရာတို့၏ ကျေးဇူးတရားကို မမေ့မလျော့ရှိတတ်ကြ၏။ ထို့ကြောင့်ပင် အမြို့မြို့ အနယ်နယ်၌ အာစရိယပူဇော်ပွဲများကို ခမ်းခမ်းနားနား ကျင်းပကြခြင်းဖြစ်လေသည်။

ကျွန်တော်တို့ခေတ်ကျောင်းသားများသည် ကိုယ့်ကိုပညာသင်ပေးသော ဆရာ၊ ဆရာမများကို အလွန်ပဲချစ်ကြောက်ရိုသေရှိကြ၏။ ယခုအသက်အရွယ်ရောက်လာသည့်တိုင် ဆရာဟောင်းကြီးများ နှင့် လမ်းမှာမတော်တဆပတ်ပင်းဆုံမိသည့်အခါများ၌ ရိုသေသမှုဖြင့် စိတ်ကအလိုလိုနှိမ့်ချဦးညွှတ်မိ တတ်၏။ ကျောင်းသားဘဝတွင်ကားဆိုဖွယ်ရာမရှိ။ ကိုယ့်ဆရာ၊ ဆရာမများကို ချစ်စနိုးဖြင့်နာမည် အပြောင်အပြက်များတော့ ပေးထားကြ၏။ဝဝပုပုဆရာကို မောင်ကမ္ဘာ၊ အသားမည်းမည်းဆရာကို ကပ္ပလီ၊ ခပ်ဝဝ သိပ္ပံသင်သည့်ဆရာကို သိပ္ပံမောင်ဝ၊အပြစ်တစ်ခုခုတွေ့လျှင် မပြီးနိုင်မစီးနိုင် ပြောနေတတ်သည့်ဆရာမအပျိုကြီးကို ဒေါ်ရစ်စသည့်ဖြင့် ကွယ်ရာမှာခေါ်ကြသော်လည်း ဆရာ၊ ဆရာမတို့ကို မုန်းသည့်စိတ်မျိုး၊ ငြိုငြင်သည့်စိတ်မျိုး၊ ငြိုငြင်သည့်စိတ်မျိုး ကျွန်တော်တို့စိတ်မှာ တစ်ခါမှမပေါ်ခဲ့ဖူးပေ။ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်မျိုး၌ ဆရာ၊ ဆရာမများက သူတို့အိမ်အလုပ်များ ခေါ်ခိုင်းလျှင်ပင် မငြိုမငြင်သွား၍ လုပ်ကိုင်ပေးခဲ့သည်ပင်။

ဆရာ၊ ဆရာမများကလည်း ဘယ်တပည့်ကိုမဆို မုန်းတီးသည့်စိတ်၊ အငြိုးအတေးထားသည့် စိတ်ဖြင့် ရိုက်သည်ဟုဘယ်တုန်းကမှ မရှိခဲ့။ သင်ခန်းစာတစ်ခုကို နားမလည်လို့ ကျောင်းမှာပဲမေး၊မေး၊ အိမ်ကိုပဲ လိုက်မေးမေးစိတ်ရှည်လက်ရှည်ရှင်းပြသည်။ယုတ်စွအဆုံး ကိုယ်စာသွားမေးသည့်အချိန်မှာ ထမင်းစားလျက်နှင့် ကြုံလျှင်ပင်စားလက်စပန်းကန်ကို တန်းလန်းထားခဲ့ပြီး လက်ဆေးလက်သုတ်ကာ ချက်ချင်းထ၍ ရှင်းပြတတ်ကြလေသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ခေတ် ကျောင်းသားဟောင်းများသည် ဆရာ၊ဆရာမဟောင်းကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ကြခြင်းဖြစ်လေသည်။ အချို့မြို့နယ်များဆိုလျှင် ငွေရတုဆရာကန်တော့ပွဲသို့ပင် ရောက်ခဲ့ကြပြီဖြစ်လေသည်။

ယနေ့ခေတ်တွင်ကားပညာသည် ရောင်းကုန်တစ်ရပ်ဖြစ်လာသည်။ လစာနည်းပါးခြင်းကို အကြောင်း ပြုကာ ဆရာ၊ ဆရာမများသည် ကျူရှင်ဆရာတစ်ပိုင်းဖြစ်လာသည်။ သူငယ်တန်းမှ တက္ကသိုလ်အထိ ကျူရှင်မရှိသော အတန်းဟူ၍မရှိတော့ပေ။ မူလကစားဝတ်နေရေးပြေလည်ရုံ ကျူရှင်ပြရာမှ နောက်ပိုင်းတွင်လောဘစိတ်တို့ဦးစီးကာ ကျူရှင်မှာမေးခွန်းပေးသင်တာတွေ၊ ကိုယ့်ကျူရှင်မတက်သော ကျောင်းသားကို နည်းအမျိုးမျိုးနှင့်ညစ်တာတွေ လုပ်လာတော့သည်။ ဆရာသည် အနန္တောအနန္တငါးပါး ကုလားထိုင်ပေါ်မှ မိမိဆန္ဒအလျောက် ခုန်ဆင်းသွားခြင်းဖြစ်သည်။

သည်အထဲစစ်အစိုးရလက်ထက်တစ်လျှောက်လုံးဆရာတွေကို အာဏာရှင်စရိုက်သွတ်သွင်းပေးလိုက်သည်။ မူလတန်းကျောင်းမှသည် တက္ကသိုလ်ကျောင်းတော်ကြီးတွေအထိ ကျောင်းဝင်းတံခါးပေါက်တွေ မှာ ဆရာ၊ ဆရာမတွေက "တာဝန်" ဟူသော လက်ပတ်အနီကြီးတွေပတ်ပြီး အချိန်ပြည့်စောင့်ကြပ်နေ ကြသည်။ စာသင်သောဆရာက ကိုယ်နှင့်မဆိုင်သည့် စစ်ဆေးရေးအလုပ်လုပ်နေရသည်။ ပညာသင်ရန်လာသော တပည့်များကိုလည်း တပည့်တို့မမြင်တော့။ ဆူဆူပူပူလုပ်မည့်သူများ၊ မိမိတို့အလုပ်ကို အနှောင့်အယှက်ပေးမည့်သူများဟု သဘောထားကာ ကျောင်းချိန်ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်နောက်ကျ သည်နှင့် ဘာကြောင့်နောက်ကျရသည့် အကျိုးအကြောင်းမေးမနေ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..