လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 29, 2013

ဘီယာကို ချစ်မြတ်နိုးကြောင်း စွန့်စွန့်စားစား သက်သေပြခဲ့သူ

Photo: ဘီယာကို ချစ်မြတ်နိုးကြောင်း စွန့်စွန့်စားစား သက်သေပြခဲ့သူ
Tuesday, October 29, 2013

ဂျော်ဂျီယာရှိ ၎င်း၏နေအိမ် မီးလောင်ရာ၌ ဝေါ်လ်တာသည် မိသားစုများကို ကယ်ထုတ်ခဲ့သလို ၎င်း၏ ဘီယာဘူးများကိုလည်း မီးဘေးမှ လွတ်ကင်းရာသို့ စွန့်စွန့်စားစား ရွှေ့ပြောင်းခဲ့

အမေရိကန် နိုင်ငံမှ ဘီယာသမား တစ်ဦးသည် မိသားစုနှင့်အတူ ဘီယာကိုလည်း ချစ်မြတ်နိုးကြောင်း စွန့်စွန့်စားစား သက်သေပြသခဲ့သည်။ ဝေါ်လ်တာ ဆာပစ်တ်သည် ဘီယာကို အလွန်နှစ်သက်စွာ သောက်သုံးလေ့ရှိသူအဖြစ် အသိအမှတ်ပြု ခံရသည်။ စနေနေ့က ဂျော်ဂျီယာရှိ ၎င်း၏နေအိမ် မီးလောင်ရာ၌ ဝေါ်လ်တာသည် မိသားစုများကို ကယ်ထုတ်ခဲ့သလို ၎င်း၏ ဘီယာဘူးများကိုလည်း မီးဘေးမှ လွတ်ကင်းရာသို့ စွန့်စွန့်စားစား ရွှေ့ပြောင်းခဲ့သည်။ နေအိမ်တွင် ရှိနေသည့် လူကြီး(၆)ဦးနှင့် ကလေး(၂)ဦးလုံး ဘေးကင်းကြောင်း သေချာချိန်တွင် ဝေါ်လ်တာသည် မည်သူမျှ တားမရဘဲ မီးစွဲလောင်နေသည့် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ထို့နောက် ဘီယာဘူး အများအပြားကို ကြိုးကြိုးစားစား သယ်ထုတ်လာခဲ့ကြောင်း ဒေသထုတ် သတင်းဂျာနယ် Constitutionက ဖော်ပြခဲ့သည်။ "ကလေးတွေကို အကုန်လုံး အိမ်အပြင်ရောက်အောင် ကျွန်တော် ကြိုးစားခဲ့တယ်။ အားလုံး ဘေးကင်းတဲ့အခါ ကျွန်တော့်အတွက် ကျွန်တော် လုပ်ရမယ့်ကိစ္စ ရှိလာပြီ။ ကျွန်တော်က အရက်သမားလေ။ ကျွန်တော့် ဘီယာဘူးတွေ မီးထဲမပါအောင် ကြိုးစားရမှာပေါ့"ဟု ဝေါ်လ်တာက ဆိုသည်။ "ကျွန်တော် အိမ်ထဲပြန်ဝင်သွားတယ်။ နောက်တော့ တံခါးမကြီးက ကျွန်တော့်ကို ပိတ်မိပြီး သေတော့မလို ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော် လွတ်အောင်ထွက်လာနိုင်တယ်"ဟုလည်း ဝေါ်လ်တာက ပြောကြားခဲ့သည်။ ၎င်း၏ စွန့်စားမှု အချည်းနှီး မဖြစ်ခဲ့ဘဲ ဝေါ်လ်တာ အနေဖြင့် ဘီယာဘူး အတော်များများကို နေရာရွှေ့ပြောင်းနိုင်ခဲ့သည်။ ယင်းမီးသည် အသစ်တပ်ဆင်ထားသည့် ရေပူပေးစနစ် ချွတ်ယွင်းချက်ကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း မီးသတ်ဌာနက မှတ်ချက်ပြုထားသည်။ 

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..