ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေက တရုတ်နိုင်ငံအနေနဲ့ သံတမန်ရေးရာမှာ အတင်းအဓမ္မလုပ်ခိုင်းတာတွေ လုပ်နေမယ်ဆိုရင် ပြဿနာ ပြေလည်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်သလို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို မောင်းသူမဲ့ တရုတ်လေယာဉ်တွေ လေ့လာနေတာနဲ့ ပတ်သက်ပြီး ပစ်ချဖျက်ဆီးမှု လုပ်မယ်လို့ ပြောလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ဒေါသတကြီး တုန့်ပြန်ခဲ့ပါတယ်။
အာရှတိုက်ရဲ့ မဟာအင်အားကြီး နှစ်နိုင်ငံတွေအကြား အရှေ့တရုတ်ပင်လယ်ပြင်က လူမနေတဲ့ ကျွန်းတွေအပေါ် ပိုင်ဆိုင်မှု အငြင်းပွားနေပြီး တရုတ်နိုင်ငံက အိုကီနာဝါကျွန်းအပေါ် ပျံသန်းပြီးနောက် ဂျပန်နိုင်ငံကလည်း နှစ်နိုင်ငံအငြင်းပွားနေတဲ့ ကျွန်းတွေပေါ်ကို တိုက်လေယာဉ်တွေ စေလွှတ်ပြီး လေ့လာမှု လုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင် လေယာဉ်တစင်းစင်းကို ဂျပန်နိုင်ငံကသာ ပစ်ချမယ်ဆိုရင် တရုတ်နိုင်ငံအပေါ် စစ်ခင်းတာပဲလို့ ယူဆပြီး တုန့်ပြန်မှု လုပ်သွားမယ်လို့လည်း တရုတ်အစိုးရက တုန့်ပြန်လိုက်တဲ့အကြောင်း တိုကျိုမြို့အခြေစိုက် အေဘီစီ သတင်းထောက် Mark Willacy က သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio
ဂျပန်နိုင်ငံ Asaka မြို့မှာ ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားအတွင်း တွေ့ရတဲ့ ၀န်ကြီးချုပ် Shinzo Abe (Credit: AFP)

No comments:
Post a Comment