လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 30, 2013

နယူး ဇီလန်တောင် နှင်းဂူအတွင်း တောင်တက်သမားနှစ်ဦး ပိတ်မိ သေဆုံး

Photo: နယူး ဇီလန်တောင် နှင်းဂူအတွင်း တောင်တက်သမားနှစ်ဦး ပိတ်မိ သေဆုံး
Wednesday, October 30, 2013

ဝယ်လင်တန်မြို့မှ ဂျပန်တောင် တက်သမား တစ်ဦးနှင့် ၎င်း၏အဖော်တို့သည် နယူးဇီလန်တောင်ရှိ နှင်းဂူအတွင်း နှစ်ရက်ကြာ ပိတ်မိနေခဲ့ပြီး ဆိုးရွားသည့် ရာသီဥတု ဒဏ်ကြောင့် ကွယ်လွန် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

North Island အနောက်ပိုင်း Taranaki တောင်တွင် ပိတ်မိသေဆုံးခဲ့သူ နှစ်ဦးမှာ အသက် ၃၁နှစ်အရွယ် ဟီဂိုဂီ အိုဂါဝါနှင့် အသက် ၂၉ နှစ်အရွယ် နီကိုးလ် ရှက်တန် ဆိုသူတို့ ဖြစ်ပြီး ဟီဂိုဂီ အိုဂါဝါသည် နယူးဇီလန်တွင် ပညာ သင်ကြားနေသော ဂျပန်ဘူမိ သိပ္ပံပညာရှင် တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရှက်တန်၏ ဖခင်ဖြစ်သူ ကိတ်က အောက်တိုဘာ ၂၇ ရက် ညပိုင်း တွင် သမီးဖြစ်သူထံမှ အသက်ရှင် ရန်အခွင့်အရေးမရှိတော့ကြောင်း ရေးသားထားသည့် Message တစ်စောင် ရရှိ ခဲ့ကြောင်း ၎င်းတို့နှစ်ဦး သေဆုံးသည်ဟု အတည်ပြု သည့် သတင်းသမားများ၏ တွေ့ဆုံမေးမြန်း ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဟီဂိုဂီ အိုဂါဝါသည် အတွေ့အကြုံရှိသည့် တောင်တက်သမား တစ်ဦးဖြစ်ပြီး သမီးဖြစ်သူကို အပြည့်အဝ စောင့်ရှောက် ပေးနိုင်သည့် ဘူမိသိပ္ပံ ပညာရှင် တစ်ဦး ဖြစ်သော်လည်း ရာသီဥတု အခြေအနေကြောင့်သာ အသက် ဆုံးရှုံး ရခြင်း ဖြစ်ကြောင်း ကိတ်က ထပ်လောင်း ပြောကြားခဲ့သည်။ ယခု သေဆုံးသွားသည့် တောင်တက် သမား စုံတွဲသည် မကြာမီ လက်ထပ်မည့် ချစ်သူစုံတွဲ ဖြစ်နိုင်ကြောင်း၊ ၎င်းတို့ နှစ်ဦးသည် အခက် အခဲ တွေ့နေကြောင်းစာဖြင့် အကြောင်းကြား ခဲ့သော်လည်း ၎င်းတို့ကို ရှာတွေ့ရန် အခက်အခဲ များစွာ ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့ကို ကယ်တင်မည့် ကယ်ဆယ်ရေးအဖွဲ့သည် ၎င်းတို့ထံသို့ ရောက်ရှိသောအခါ ၎င်းတို့ နှစ်ဦး မှာ အသက်မရှင် တော့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..