လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, October 26, 2013

အဲယားကွန်းမလိုပဲ အပူအအေး မျှစေမည့် လက်ကောက်ဝတ်

Photo: အဲယားကွန်းမလိုပဲ အပူအအေး မျှစေမည့် လက်ကောက်ဝတ် 

အဲယားကွန်းတစ်လုံးက သုံးတဲ့ လျှပ်စစ်ပါဝါဟာ တစ်လမှာ ၁၀၀ ကီလိုဝပ်နာရီ ပျမ်းမျှရှိတယ်လို့ ဆိုထားပြီး ပုံမှာ မြင်တွေ့နေရတဲ့ လက်ကောက်ဝတ်ကတော့ လျှပ်စစ်ဓာတ် မစားသလောက်ကို ပါဝါ အသုံးပြုမယ့် တစ်ကိုယ်ရေသုံး အဲယားကွန်းဖြစ်ပါတယ်။ 

တစ်ကိုယ်ရေသုံးဆိုတော့ တပ်ဆင်ထားရမယ့် နေရာက လက်ကောက်ဝတ်မှာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ တပ်ဆင်ထားပြီးရင် တစ်ကိုယ်လုံးက အပူချိန်ကို တိုင်းတာပေးပြီး အေးနေရင် ပူအောင်၊ ပူနေရင် အေးအောင် လိုသလို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း User က ထိန်းညှိ နိုင်ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းကတော့ ကော့ပါး-အလွိုင်းသတ္တု ပါဝင်ပြီး အပူစီးကူးနှုန်းကောင်းတဲ့ အခြားပစ္စည်း များလည်း ပါဝင်ပါတယ်။ လျှပ်စစ်ဓာတ်အား အနည်းငယ်သာ လိုအပ်ပြီး သူ့အလိုအလျောက် အားဖြည့်မယ့် စနစ်ကိုတောင် ကြိုးစားဖန်တီးနေခြင်း ဖြစ်ပါတယ်။ 

တီထွင်ဖန်တီးသူတို့က အမေရိကန် MIT ကျောင်းက အင်ဂျင်နီယာကျောင်းသားများ ဖြစ်ပါတယ်။ အရေအတွက် အမြောက်အများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး ယင်း ကျောင်သား အဖွဲ့ MIT Making and Designing Materials Engineering Competition မှာ ပထမဆု ရရှိခဲ့ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
အဲယားကွန်းတစ်လုံးက သုံးတဲ့ လျှပ်စစ်ပါဝါဟာ တစ်လမှာ ၁၀၀ ကီလိုဝပ်နာရီ ပျမ်းမျှရှိတယ်လို့ ဆိုထားပြီး ပုံမှာ မြင်တွေ့နေရတဲ့ လက်ကောက်ဝတ်ကတော့ လျှပ်စစ်ဓာတ် မစားသလောက်ကို ပါဝါ အသုံးပြုမယ့် တစ်ကိုယ်ရေသုံး အဲယားကွန်းဖြစ်ပါတယ်။ တစ်ကိုယ်ရေသုံးဆိုတော့ တပ်ဆင်ထားရမယ့် နေရာက လက်ကောက်ဝတ်မှာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ တပ်ဆင်ထားပြီးရင် တစ်ကိုယ်လုံးက အပူချိန်ကို တိုင်းတာပေးပြီး အေးနေရင် ပူအောင်၊ ပူနေရင် အေးအောင် လိုသလို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း User က ထိန်းညှိ နိုင်ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းကတော့ ကော့ပါး-အလွိုင်းသတ္တု ပါဝင်ပြီး အပူစီးကူးနှုန်းကောင်းတဲ့ အခြားပစ္စည်း များလည်း ပါဝင်ပါတယ်။ လျှပ်စစ်ဓာတ်အား အနည်းငယ်သာ လိုအပ်ပြီး သူ့အလိုအလျောက် အားဖြည့်မယ့် စနစ်ကိုတောင် ကြိုးစားဖန်တီးနေခြင်း ဖြစ်ပါတယ်။

တီထွင်ဖန်တီးသူတို့က အမေရိကန် MIT ကျောင်းက အင်ဂျင်နီယာကျောင်းသားများ ဖြစ်ပါတယ်။ အရေအတွက် အမြောက်အများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး ယင်း ကျောင်သား အဖွဲ့ MIT Making and Designing Materials Engineering Competition မှာ ပထမဆု ရရှိခဲ့ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..