လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, October 26, 2013

အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ

Photo: အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ
Saturday, October 26, 2013

စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။

ယခုKyler သည်၂၀၁၂ ဇူလိုင်က အသက် ၄ နှစ်ရှိသာ ရှိသေးပြီး ကျောင်း ပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေ မှတ် သားနေပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။

အင်္ဂလိပ်စကားလုံး ဝေါဟာရများကို သီးသန့်သင်ကြားပေးစရာမလိုပဲ သူ့အလိုလို တတ်မြောက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် စာကိုလည်း ဘယ်ရော၊ညာပါ လက်နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်းကျင် ကျင် ရေးတတ်သည်ကို လက်တွေ့ပြခဲ့သည်။

ယခုအခါ Kyler Lim သည် စင်္ကာပူဥာဏ်ရည်မြင့်သူများအဖွဲ့ (Mensa Singapore) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ဗဟုသုတ စွယ်စုံကျမ်းများ၊ အလယ်တန်း သင်ရိုးညွန်းစာပေ၊စာအုပ်များ ဖတ်ရှုလေ့လာမှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။ 
.
Ref: singnews
Aung Kham ( ရိုးရာလေး )

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..