လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, October 26, 2013

တရုတ်၏ စစ်အင်အားပြမှု ဂျပန် သတိပေး

Photo: တရုတ်၏ စစ်အင်အားပြမှု ဂျပန် သတိပေး 
Saturday, October 26, 2013

တရုတ်နိုင်ငံမှ စစ်အင်အား သုံးကာ ဒေသတွင်း အင်အားချိန်ခွင်လျှာ ညှိမှုအား ပြောင်းလဲရန် ကြိုးစားနေမှုနှင့် ပတ်သက်၍ အာရှနိုင်ငံများက

စိုးရိမ်လျက် ရှိကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်မှုအား သည်းခံနိုင်မည် မဟုတ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အောက်တိုဘာ ၂၅ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုမှာ စီးပွားရေးတွင် ရှေ့ဆောင်ဦးရွက် ပြုရုံသာမက အာရှပစိဖိတ် ဒေသတွင်း လုံခြုံရေး ဆိုင်ရာများတွင်လည်း အသုံးပြုမည်ဟု မျှော်လင့်ကြောင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် တံခါးပိတ်ထားခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်းကြောင်း ဝေါလ်စထရိဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အာဘေးက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့သည် လွန်ခဲ့သော သီတင်းပတ်က အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦး အနေဖြင့် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများအား ယခုအချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်းနှင့် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရခြင်းသည် အရှေ့တရုတ် ပင်လယ်ရှိ ပိုင်နက်ဆိုင်ရာ အငြင်းပွားကျွန်း အရေးသည်လည်း တစ်ချက် အပါအဝင်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံမှ စစ်အင်အား သုံးကာ ဒေသတွင်း အင်အားချိန်ခွင်လျှာ ညှိမှုအား ပြောင်းလဲရန် ကြိုးစားနေမှုနှင့် ပတ်သက်၍ အာရှနိုင်ငံများကစိုးရိမ်လျက် ရှိကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်မှုအား သည်းခံနိုင်မည် မဟုတ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အောက်တိုဘာ ၂၅ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုမှာ စီးပွားရေးတွင် ရှေ့ဆောင်ဦးရွက် ပြုရုံသာမက အာရှပစိဖိတ် ဒေသတွင်း လုံခြုံရေး ဆိုင်ရာများတွင်လည်း အသုံးပြုမည်ဟု မျှော်လင့်ကြောင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် တံခါးပိတ်ထားခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်းကြောင်း ဝေါလ်စထရိဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အာဘေးက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့သည် လွန်ခဲ့သော သီတင်းပတ်က အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦး အနေဖြင့် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများအား ယခုအချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်းနှင့် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရခြင်းသည် အရှေ့တရုတ် ပင်လယ်ရှိ ပိုင်နက်ဆိုင်ရာ အငြင်းပွားကျွန်း အရေးသည်လည်း တစ်ချက် အပါအဝင်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..