လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, October 28, 2013

အယ်လ်ကလက်စီကို ပွဲစဉ် အပြီးတွင် နေမာနှင့် ယှဉ်ပြီး ဝေဖန် ခံလာရသည့် ဘေးလ်

Photo: အယ်လ်ကလက်စီကို ပွဲစဉ် အပြီးတွင် နေမာနှင့် ယှဉ်ပြီး ဝေဖန် ခံလာရသည့် ဘေးလ်
Monday, October 28, 2013

အယ်လ်ကလက်စီကို ပွဲစဉ် ရလဒ်နှင့် ပတ်သက်ပြီး ယခု နွေရာသီ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ခေါ်ယူထားသည့် အထင်ကရ တိုက်စစ်သမား နှစ်ဦးကို စပိန် မီဒီယာများက နှိုင်းယှဉ် ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။

နေမာနှင့် ဂါရတ်သ်ဘေးလ်တို့သည် ၎င်းတို့ ဘဝတွင် ပထမဆုံး အယ်လ်ကလက်စီကို အားပြိုင်မှုတွင် ပါဝင်ခွင့် ရခဲ့ကြပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး နေမာက ဂိုးတစ်ဂိုး သွင်းခဲ့သလို ပြောင်မြောက်သော ခြေစွမ်းမျိုး ပြသခဲ့သည်။ နူးကမ့်တွင် (၂-၁)ဖြင့် ဘာစီလိုနာက အနိုင် ရခဲ့သော ပွဲစဉ်အတွင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်သို့ ရောက်ရှိလာသည့် ဘေးလ်မှာ နေမာ၏ အရိပ်လွှမ်းခြင်းကို ခံခဲ့ရကြောင်း မီဒီယာများက ရေးသားခဲ့သည်။ စပိန် သတင်း ဌာနများက ဝေလ လက်ရွေးစင် တောင်ပံ လူသည် ဘရာဇီးလ်လူငယ် တိုက်စစ်မှူးလောက် ခန့်ညားသော အရှိန်အဝါ မရှိခဲ့ဟု ဖိအားပေး သုံးသပ်ခဲ့ကြသည်။

ဘာစီလိုနာသ် ပေါင်စတာလင် (၄၈.၆)သန်းဖြင့် နေမာကို ဆန်းတို့စ်ထံမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုပြောင်းရွှေ့ကြေး ပမာဏသည် ဘေးလ် အတွက် တော့တင်ဟမ် ဟော့စပါးထံ ရီးယဲလ် အသင်း ပေးချေ ခဲ့ရသည့် စတာလင်ပေါင် (၈၆)သန်းထက် များစွာ လျော့နည်းသည်။ နေမာသည် အန်းဒရက်စ် အင်နီယေစတာ ပေးပို့သော ဘောလုံးကို အလက်ဆစ် ဆန်းချက်ဇ်နှင့် ချိတ်ဆက် ကစားကာ အယ်လ်ကလက်စီကို ပွဲဦးထွက်တွင်ပင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘေးလ်အနေဖြင့် ဘာစီလိုနာ ဂိုးပေါက်သို့ နှစ်ကြိမ် ကန်သွင်းသော်လည်း ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် စောင့်ရှောက်နေသည့် ဂိုးဘားတန်းပေါ် ကျော်ခဲ့သလို ပထမပိုင်း မပြီးမီ အဝါထိခဲ့ပြီး ပွဲချိန် (၁)နာရီမျှတွင် လူစား လဲခံခဲ့ရသည်။

ဘာစီလိုနာ အခြေစိုက် အားကစား သတင်းစာကြီး El Mundo Deportivo က ဘေးလ်သည် ရီးယဲလ်အဆင့်နှင့် အံမဝင်ကြောင်း ဖော်ပြခဲ့သည်။ "ရီးယဲလ်ဟာ သူတို့ရဲ့ ကြယ်ပွင့်သစ် ကစားသမား မပါဝင်တော့တဲ့ အချိန်မှာ ပိုကောင်း လာခဲ့ပါတယ်" ဟု El Paisကလည်း ရေးသားခဲ့သည်။ မက်ဒရစ်ထုတ် အဆိုပါ သတင်းစာက ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီ အနေဖြင့် ဘေးလ်ကို တိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့ခြင်းကိုလည်း ဝေဖန်ခဲ့သည်။ "ဘေးလ်ကို တိုက်စစ်မြားဦး နေရာ ပို့လိုက်ခြင်းအားဖြင့် အသင်းကို နည်းပြက ဖျက်ဆီး လိုက်တာပါပဲ" ဟု El Pais က ဆိုသည်။

ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂက်စ်ကလည်း စပိန် လာလီဂါတွင် နေရာလွတ် ကျဉ်းမြောင်းစွာဖြင့် ကစားသည့် အနေအထားသည် ဘေးလ်အတွက် ကြီးမားသည့် စမ်းသပ်ချက် ဖြစ်လိမ့်မည်ဟု Daily Mail သို့ မှတ်ချက်ပြု ပြောဆို ခဲ့သေးသည်။ "နေရာသစ် တစ်ခုကို ပြောင်းရွှေ့လာရင် အဲဒီနေရာနဲ့ အံဝင်ဖို့တော့ လိုပါတယ်။ လာလီဂါဟာ ပရီးမီးယားလိဂ်နဲ့ လုံးဝဥဿုံ ခြားနားတဲ့ အခြေအနေပါ။ နေရာလွတ် များများစားစား မရှိသလို ကိုယ်ဘောလုံး ရလိုက်တာနဲ့ ပြိုင်ဘက် တော်တော် များများက ကိုယ့်ကို ဝန်းရံပြီးသား ဖြစ်နေပါပြီ။ နည်းဗျူဟာပိုင်း အရ လာလီဂါက ပိုသာပါတယ်" ဟု ၎င်း၏ ကစားသမားဘဝ ပွဲ(၅၀၀)ပြည့် အထိမ်းအမှတ် အဖြစ် အယ်လ်ကလက်စီကို နိုင်ပွဲအပြီးတွင် ဖာဘရီဂက်စ်က ပြောကြား သွားခဲ့သည်။

Ref:Dailymail
Soccer Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..