လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, May 31, 2013

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် အိမ်ရာစီမံကိန်း ယခုနှစ် အပြီးတည်ဆောက်ပြီး ၀င်ငွေနည်းအိမ်ရာ မရှိသူများကို ဦးစားပေးရောင်းချမည်

5.31.13


ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်အား မေ ၃၀ ရက်က တွေ့ရစဉ်

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုသဖြင့် ယခုနှစ်ဘတ်ဂျက်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောကြားခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ၄၄ လမ်းနှင့် ၄၈ လမ်းအတွင်းရှိ မြရည်နန္ဒာရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်မည် ဖြစ်သည်။ ထိုသို့ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက် ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာများ၊ အဆောက်အအုံ ဒီဇိုင်းများဆိုင်ရာများနှင့် ပတ်သက်၍ ဧပြီ ၂၅ ရက်က မန္တလေးမြို့တော်ခန်းမတွင် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ခွင့်ပြုခဲ့သဖြင့် ယခုနှစ်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြရည်နန္ဒာရပ်ကွက်မှာပဲ တည်ဆောက်မှာပါ။ အခုလောလောဆယ်တော့ နှစ်ဘလောက်ပဲ စတင်တည်ဆောက်မှာပါ။ အဓိကကတော့ ရောင်းမှားဝယ်မှား ဖြစ်တဲ့သူတွေကို ဦးစားပေးရောင်းချသွားဖို့ စာရင်းပြန်ကောက်နေတယ်။ ကျပ်သိန်းတစ်ရာအောက်ပဲ ရောင်းမှာပါ'' ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က ဆိုသည်။
ယင်းအိမ်ရာများကို မြေဧက ၁၁၇ ဧကပေါ်ရှိ ၅၇ ဧကတွင် ဆောက်လုပ်မည် ဖြစ်ပြီး တစ်ခန်းလျှင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းမည် ဖြစ်ကြောင်း၊ ကျန်ဧကများတွင် ဈေး၊ ကျောင်း စသည့်မြို့အင်္ဂါရပ်များကိုပါ ထည့်သွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း စည်ပင်သာယာရေး ၀န်ကြီးဌာန အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောကြားခဲ့သည်။
Eleven

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..