လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, May 31, 2013

ကျောက်ထုမြို့တွင် ချောင်းရေမှ ရေအားလျှပ်စစ်ဓာတ် ထုတ်ယူအသုံးပြုသူ များပြား

5.31.7


ချောင်းအတွင်း၌ တာဘိုင်တပ်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနေသည်ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့ရှိ အိမ်ထောင်စု သုံးပုံတစ်ပုံမှာ ယောချောင်း၊ ချီချောင်းတို့မှ တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ် ထုတ်ယူပြီး ဓာတ်အားအသုံးပြုလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်တာဘိုင် အသေးစားများ အသုံးပြု ထုတ်ယူသုံးစွဲခြင်းဖြစ်ပြီး ကျောက်ထုမြို့တွင် သာမက ယင်းဒေသရှိ ကျေးရွာအများစုမှာလည်း လျပ်စစ်တာဘိုင်များ အသုံးပြုပြီး
ဓာတ်အားထုတ်ယူ အသုံးပြုကြောင်း သိရသည်။
''ရွာတိုင်းလောက် တစ်ရွာကို တာဘိုင် တစ်ခုရှိတယ်။ ဒီတာဘိုင်တွေကိုပဲ အားထားနေရတာပါ။ မြို့ရဲ့သုံးပုံ တစ်ပုံလောက်က တာဘိုင်တွေက နေရတဲ့ လျှပ်စစ်ကို အသုံးပြုနေကြတာ။ အီးပီစီမီးပေးတာလည်း ရှိတယ်'' ဟု မြို့ခံ ဦးအောင်ကျော်ပိုင်က ဆိုသည်။
အဆိုပါ တာဘိုင်တည်ဆောက်ရေးအတွက် လယ်သမားများ စုပေါင်းဖွဲ့စည်းထားသည့် ယောမြောင်းကြီး မြောင်းကော်မတီနှင့် ညှိနှိုင်းပြီး လုပ်ဆောင်ရခြင်းဖြစ်ပြီး ဒေသခံအချို့မှ စီးပွားဖြစ် မီးပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
''ကျောက်ထုမှာ အိမ်ခြေတော်တော်များများကို မီးပေးနိုင်တဲ့ တာဘိုင်အကြီး သုံးခုလောက်ရှိတယ်။ ခပ်သေးသေးတွေကတော့ အများကြီးပါ။ တစ်ပေမီးချောင်း တစ်ချောင်း တစ်လငါးရာပဲ ပေးရတယ်။ နှစ်ပေဆိုရင် ၈၀၀ပေါ့။ တီဗွီကြည့်လို့ရတယ်။ မီးချောင်း သုံးလို့တယ်'' ဟု ဦးအောင်ကျော်ပိုင်က ဆက်လက် ပြောကြားသည်။
''နွေနဲ့ဆောင်းမှာ ဆက်တိုက်သုံးလို့ ရပေမယ့် မိုးရာသီ ရေများချိန်မှာတော့ ရေမျောပါမှာစိုးလို့ ဖြုတ်သိမ်းတယ်'' ဟု ကျောက်ထုမြို့နယ် ဂုံဘိုရပ်ကွက်မှ ဦးလင်းနိုင်က ပြောကြားသည်။ ကျောက်ထုမြို့နယ်တွင် အိမ်ခြေတစ်ထောင် ၀န်းကျင်သာရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
Eleven

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..