ပွဲတော်တစ်ခုသို့ ဦးတည်သွားရောက်သည့် ရေယာဉ် တိမ်းမှောက်မှုအတွင်း လူပေါင်း (၁၈၁)ဦးမျှသည် ကမ်းခြေသို့ ရေကူးပြီး လွတ်မြောက် လာနိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။
မလေးရှား နိုင်ငံတွင် ဝန်ပိုတင်လာသည့် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်ရာ အနည်းဆုံး လူ(၂၁)ဦးမျှ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ပွဲတော်တစ်ခုသို့ ဦးတည်သွားရောက်သည့် ရေယာဉ် တိမ်းမှောက်မှုအတွင်း လူပေါင်း (၁၈၁)ဦးမျှသည် ကမ်းခြေသို့ ရေကူးပြီး လွတ်မြောက်လာနိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။ ရဲအရာရှိ ဘေကာဆီဘူက အဆိုပါ ရေယာဉ်သည် ဝန်တင်နိုင်စွမ်းအတွက် လူ(၇၄)ဦးစာသာ သတ်မှတ်ထားသော်လည်း မတန်တဆ တင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် ဘော်နီရိုအနီးရှိ လူသူ အရောက်အပေါက်နည်းသော ရာဂျန်မြစ်အတွင်း သွားလာနေစဉ် ကျောက်ဆောင်နှင့် တိုက်မိကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။
လတ်တလောတွင် ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး အသေအပျောက် ပမာဏကို တိတိကျကျ မပြောနိုင်သေးချေ။ မလေးရှား သတင်းဌာန ဘာနာမာက ရေယာဉ်သည် ဘီလာဂါ မြို့အနီးတွင် နစ်မြုပ်သွားခြင်းဟု ကြေညာခဲ့သည်။ "လူတချို့ဆိုရင် လှေထဲက မထွက်နိုင်ဘဲ ပါသွားတယ်လို့တောင် ကျွန်တော်တို့ ယုံကြည်ထားတယ်"ဟု ဆီဘူက သတင်းထောက်များအား ပြောကြားခဲ့သည်။ ရဲများသည် လှေကို ဆယ်ယူနိုင်ရေး အတွက်လည်း နည်းလမ်းများ ရှာဖွေနေဆဲဟု သိရှိရသည်
MWD
![Photo: မလေးရှားကူးတို့ရေယာဉ် တိမ်းမှောက်မှု အနည်းဆုံး လူ ၂၁ ဦးပျောက်ဆုံး
ပွဲတော်တစ်ခုသို့ ဦးတည်သွားရောက်သည့် ရေယာဉ် တိမ်းမှောက်မှုအတွင်း လူပေါင်း (၁၈၁)ဦးမျှသည် ကမ်းခြေသို့ ရေကူးပြီး လွတ်မြောက် လာနိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။
မလေးရှား နိုင်ငံတွင် ဝန်ပိုတင်လာသည့် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်ရာ အနည်းဆုံး လူ(၂၁)ဦးမျှ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ပွဲတော်တစ်ခုသို့ ဦးတည်သွားရောက်သည့် ရေယာဉ် တိမ်းမှောက်မှုအတွင်း လူပေါင်း (၁၈၁)ဦးမျှသည် ကမ်းခြေသို့ ရေကူးပြီး လွတ်မြောက်လာနိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။ ရဲအရာရှိ ဘေကာဆီဘူက အဆိုပါ ရေယာဉ်သည် ဝန်တင်နိုင်စွမ်းအတွက် လူ(၇၄)ဦးစာသာ သတ်မှတ်ထားသော်လည်း မတန်တဆ တင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် ဘော်နီရိုအနီးရှိ လူသူ အရောက်အပေါက်နည်းသော ရာဂျန်မြစ်အတွင်း သွားလာနေစဉ် ကျောက်ဆောင်နှင့် တိုက်မိကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။
လတ်တလောတွင် ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး အသေအပျောက် ပမာဏကို တိတိကျကျ မပြောနိုင်သေးချေ။ မလေးရှား သတင်းဌာန ဘာနာမာက ရေယာဉ်သည် ဘီလာဂါ မြို့အနီးတွင် နစ်မြုပ်သွားခြင်းဟု ကြေညာခဲ့သည်။ "လူတချို့ဆိုရင် လှေထဲက မထွက်နိုင်ဘဲ ပါသွားတယ်လို့တောင် ကျွန်တော်တို့ ယုံကြည်ထားတယ်"ဟု ဆီဘူက သတင်းထောက်များအား ပြောကြားခဲ့သည်။ ရဲများသည် လှေကို ဆယ်ယူနိုင်ရေး အတွက်လည်း နည်းလမ်းများ ရှာဖွေနေဆဲဟု သိရှိရသည်။
]](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/p480x480/943445_422991704465333_1787285228_n.jpg)
No comments:
Post a Comment