လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 30, 2013

“နတ်သားကို သေဒဏ်ပေးလိုက်ပြီ”

Photo: “နတ်သားကို သေဒဏ်ပေးလိုက်ပြီ”

မြင့်မြင့်အေး(ခေါ်)သဲသဲသော်
face book ပေါ်မှာ
(fb account- Sky Queen)ဆိုတဲ့ အမည်လေးနဲ့
အမေပျောက်ရှာနေတဲ့ မိန်းကလေးကို
မတရားအကျင့် ပစ္စည်းယူ လူပါသတ်ပြစ်လိုက်တဲ့
ကလိန်ကကျစ် မဒိန်းကောင်
(fb account- နတ်သား)ဆိုတဲ့ ခွေးသားကို
ထိုင်းရဲတွေက ၂ပတ်အတွင်းဖမ်းဆီးနိုင်ခဲ့ပြီး
ရုံးတင်စစ်ဆေး တရားရုံးက သေဒဏ်ပေးလိုက်ပြီ.......။

fb ပေါ်မှာအမေလိုက်ရှာနေတဲ့ မိန်းကလေး
အမေနဲ့မတွေ့ပဲ ငပွေနဲ့တွေ့ လို့
ဘဝပျက်အသက်ဆုံးရတဲ့ ရင်နင်ဘွယ်ဖြစ်ရပ်လေးပါ......။

ဒီ- စိတ်မကောင်းစရာဖြစ်ရပ်လေးမှာ
သဲသဲသော်(Sky Queen)က ဘဝတစ်ခု အသက်တစ်ချောင်းရင်းပြီး
သင်ခဏ်းစာတွေ အသိတွေ ပေးသွားခဲ့ပါပြီ.............။

face book ပေါ်မှာ
ကိုယ့်ပုံကိုယ်တင် ကြော်ညာရှင် မိန်းကလေးတွေ
အွန်လိုင်းပေါ်တက် တစ်ချက်ချက်လုပ်နေတဲ့ မိန်းကလေးတွေ
ဒီလို လူမဆန်တဲ့ မဒိန်းကောင် အတ္တကောင် ငရှုပ် ငပွေ တွေကို
လက်ယပ်ခေါ်နေမိပြီဆိုတာကို သတိထား ဆင်ခြင်သင့်ပါတယ်.....။

တစ်ဆက်တည်းမှာပဲ ဒီဖြစ်ရပ်ကလေးကနေ
ကျွန်တော်တို့ နိုင်ငံရဲ့ good goverment clean goverment ကြီးတွေလည်း
နမူနာယူစရာ (ရှက်တတ်ရင် ရှက်စရာ) ဖြစ်ရပ်တစ်ခုအဖြစ် လက္ခံရမှာပါ
အထင်ကရ အနေနဲ့.......
အတော်လေးကြာနေပြီဖြစ်တဲ့ ငါးလောင်းပြိုင်လူသတ်မှု (ယ္ခုထိအမှုမပေါ်သေး)
လောလောလတ်လတ် ပြည်မြို့က လူသတ်မှု (မည်သို့ စီရင်ချက်ချမည်မသိသေး)
ဖိုးလပြည့်ရဲ့ ယာဉ်ထိန်းရဲကို ထိုးကြိတ်ပါးရိုက်မှု (မည်သို့အရေးယူမည်မသိသေး)
မြေနိမ့်ရာလှံစိုက် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လုပ်ရပ်တွေကို
ရှေ့မျက်နှာနောက်ထား ဆင်ချင်လို့ ပြင်ဆင်သင့်သလားလို့ပါ.........။
(နဂါးမာန်)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..