လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 30, 2013

UNESCAP အစည်းအဝေးကို သမ္မတဦးသိန်းစိန် တက်ရောက်နေ

Photo: UNESCAP အစည်းအဝေးကို သမ္မတဦးသိန်းစိန် တက်ရောက်နေ
Tuesday, April 30, 2013 

ကမ္ဘာ့ကုလသမဂ္ဂ အာရှနှဲ့ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (UNESCAP) ကကြီးမှူးကျင်းပတဲ့ သဘာဝဘေးအန္တရယ်များနှင့် စီးပွားရေးအကြပ်အတည်းများကိုရင်ဆိုင်ကျော်လွှားရေး အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပနေပြီး သမ္မတဦးသိန်းစိန် တက်ရောက်နေပါတယ်။

နိုင်ငံထိပ်သီးတွေပါဝင်တဲ့ ဝန်ကြီးအဆင့် ဒီအစည်းအဝေးကို ၆၉ ကြိမ်မြောက်
ကျင်းပနေတာဖြစ်ပြီး မနေ့ကကျင်းပတဲ့ အဖွင့်မိန့်ခွန်းအတွင်း သမ္မတ ဦး သိန်း စိန် က မြန်မာ အစိုးရ အနေနဲ့ နိုင်ငံ တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို တပြိုင်တည်းရရှိအောင် အရှိန်အဟုန်မြင့် တည်ဆောက်
နေကြာင်း ပြောကြား ခဲ့ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့အတွက် ဖြေလျှော့မှုတွေ မူဝါဒပိုင်းဆိုင် ရာ ပြုပြင်ပြောင်း လဲမှုများနဲ့အတူ အရေးကြီးတဲ့ အမျိုးသားစီးပွား ပုံစံချမှုအတွက် လိုအပ်တဲ့ စီးပွားရေး အခြေခံ အဆောက် အအုံများနဲ့ မူဘောင်များကိုလည်း ချမှတ် ဆောင်ရွက်လျှက်ရှိ နေပါတယ်၊ မြန်မာ နိုင်ငံ အနေနဲ့ လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကနေ ပေါ်ပေါက် လာတဲ့ အခွင့်အလန်းတွေကို အမိအရဆုပ်ကိုင် အသုံးချနိုင်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း များနဲ့ stakeholders များအားလုံးပါဝင်တဲ့ ပွင့်လင်းတဲ့ ဆွေးနွေးမှုမျာကို အစပြုနေပြီ ဖြစ်ပါတယ်၊ အစိုးရနဲ့ ပုဂ္ဂလိကအကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက် သွားရမှာဖြစ်သလို၊ သက်ဆိုင်သူများအကြား ယုံကြည်မှု တည်ဆောက်ဖို့ အတွက်လည်း အထူးပဲ လိုအပ်မှာ ဖြစ်ပါတယ်

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီကဏ္ဍ
ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာဖြစ်ကြောင်း၊ ၂၁ ရာစု အစောပိုင်းကာလတွေမှာ အာရှ
ပစိဖိတ်ဒေသတွင်း ဆင်းရဲမွဲတေမှု လျှော့ချနိုင်မှု ဟာ ကမ္ဘာမှာ အရေးပါတဲ့ အဖြစ်အပျက်တခု ဖြစ်လာနေတယ်လို့လည်း ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လူလတ်တန်းစား ဖွံဖြိုးလာမှုတွေကို
ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရတာနဲ့အတူ စိန်ခေါ်မှုတွေလည်းရှိလာခဲ့ကြောင်း၊ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့ရမယ်ဆိုရင် အဓိကအားဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ သာမာန်ပြည်သူတွေဟာ အဦးဆုံး ရင်ဆိုင်ရမှာ
ဖြစ်တယ်လို့လည်း သမ္မတကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံတွေအထဲက နိုင်ငံ
တနိုင်ငံဖြစ်ပြီး ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး
တော့လည်း သမ္မတ က အခုလို ပြောပါတယ်။

ကျနော်တို့အစိုးရအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ အဝှမ်းညီစွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာစေသလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ဖို့ အထူးကြိုးစားပြီး လုပ်ဆောင်နေ
ပါတယ်၊ တပြိုင်နက်ထဲမှာပဲ ပိုမိုထိခိုက် နိုင်တဲ့ လူ့အသိုင်းအဝိုင်းကို အထူးဂရုပြုကာကွယ်ပေးဖို့ နိုင်ငံကို ဆင်းရဲမွဲတေ သက်ဆိုးရှည်စေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ပြီး တရားနည်းလမ်းတကျ ရေရှည်
တည်တံ့တဲ့ ငြိမ်းချမ်း ရေး ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ အထီးကျန်မှုကို အဆုံးသတ် ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပြီး ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကို မျက်နှာပန်းလှလှနဲ့ ပြန်လည်ဝင်ရောက်လာနိုင်စေဖို့အတွက် အထူးကြိုးပမ်း
ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ထပ်လောင်း ဂတိပြုပြောကြားလို
ပါတယ်

ကုလသမဂ္ဂ အေဂျင်စီတွေ ၊ အာရှ ပစိဖိတ် ဒေသတွင်းနိုင်ငံတွေက ဝန်ကြီးတွေ၊ အဆင်မြင့် အစိုးရ အရာရှိကြီးတွေ တက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်
ကို ဆောင်ကျဉ်းလာနိုင်အောင် ခေါင်းဆောင်နိုင်မှုနဲ့ ရဲဝံ့မှုတို့အတွက် သမ္မတ ဦးသိန်းစိန်ကို UNESAP ကဂုဏ်ပြုဆု ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..