လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 30, 2013

ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်သူပုန်များက ထိုင်းနိုင်ငံမှ သီးခြားနယ်မြေခွဲထွက်ရန်တောင်းဆို

Photo: ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်သူပုန်များက ထိုင်းနိုင်ငံမှ သီးခြားနယ်မြေခွဲထွက်ရန်တောင်းဆို

ဧပြီလ ၃၀ရက်၊ ၂၀၁၃ခုနှစ်

ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် (၁)ရက်အလို ဧပြီလ (၂၈)ရက်နေ့မှာ မွတ်စလင်သူပုန်တွေက ထိုင်းနိုင်ငံမှ သီးခြားခွဲထွက်ရန် တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ထိုင်းအစိုးရနှင့် သူပုန်အဖွဲ့မှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကို ပထမဦးဆုံးနေဖြင့် ပြီးခဲ့တဲ့ မတ်လက မလေးရှားနိုင်ငံမှာ ပြုလုပ် ခဲ့ပေမယ့်လည်း မွတ်စလင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သူပုန်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု တွေ ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပမှာဖြစ်ပြီး မလေးရှားနိုင်ငံက ဆွေးနွေးပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ခုနှစ်နောက်ပိုင်းမှ စတင်ခဲ့တဲ့ နေ့ စဉ်နီးပါးဖြစ်ပေါ် ခဲ့တဲ့ ဗုံးခွဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူ (၅၅၀၀)ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

Posted From EMG

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..