လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 27, 2012

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်သွားသောအမှုကို ယနေ့တိုင်စုံစမ်းလျက် ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။ အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။ အဆိုပါ
လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ်(၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်းအမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း ပြောဆိုခဲ့သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..