အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင်ကွမ်းတံတွေးထွေးသည့်ဖြစ်ရပ်မှာလူတစ်ဦးချင်းစီ၏ အမျို
သားယဉ်ကျေးမှုအပါအ၀င်စည်းကမ်းရှိမှုနှင့်သက်ဆိုင်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မ
တီ မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ကွမ်းတံထွေးထွေးတာနဲ့ပတ်သက်လို့တော့ အဲ့ဒီကိစ္စက
ဟိုးအရင်အင်္ဂလိပ်ခေတ်ကတည်းက ဥပဒေတော့ ရှိနေတာပါ၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့တော့ target ထားပြီး ဆောင်ရွက်တာတော့ မရှိသေးဘူး၊ ပညာပေး လုပ်တာတွေ ဘာတွေပဲ ရှိတယ်” ဟု ရန်ကုန်မြို့တော်စည်ပင် မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ကွမ်းတံတွေးများမှာမြန်မာနိုင်ငံအနှံအပြားရှိလမ်းမပေါ်၊ပလက်ဖောင်းဘေးများ၊လူအများစုပေါင်း နေထိုင်ကြ
သော တိုက်ခန်းလှေကားထောင့်များတွင်လည်း စည်းကမ်းမဲ့ထွေးထားကြသည်ကို တွေ့ရှိ ရသည်။
ထိုကဲ့သို့ကွမ်းစားသူများကွမ်းတံတွေးမဆင်မခြင်ထွေးနေမှုများကြောင့်လည်းလမ်းသွား လမ်းလာ ပြည်သူ
များ ဒုက္ခရောက်လျက်ရှိနေကြောင်းကိုလည်း သိရသည်။
“ပလက်ဖောင်းပေါ်မှာလမ်းလျှောက်ရင်းနဲ့ ရှေ့က လူကဘေးကို ကွမ်းတံထွေးလိုက်ရင် ခြေထောက်ကို လာစင်တာတို့ဘာတို့ရှိတယ်၊တချို့လူတွေကလည်းဆောရီးဆောရီးပြောပြီးသွားခဲ့တာတွေရှိတယ်၊ တချို့ကျ
တော့လည်းသိတောင်မသိဘူးအေးအေးဆေးဆေးလျှောက်သွားတယ်”ဟုရန်ကုန်မြို့နေအသက်(၂၀)အရွယ်
လူငယ်တစ်ဦးက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကလည်း စက်တင်ဘာလ (၇) ရက် မန္တလေးထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့်မန္တလေးမြို့၏အဓိကလမ်းမကြီးတစ်လျှာက်ရှိလမ်းဆုံ၊လမ်းခွ၊လမ်းထောင့်များတွင်ကွမ်း
ယာရောင်းချခြင်း လုံးဝခွင့်မပြုတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင်မန္တလေး၌သမိုင်းဝင်စေတီပုထိုး၊သိမ်ကျောင်းများ၊ပန်းဥယျာဉ်နှင့်ကစားကွင်းများအတွင်း စည်းကမ်း
မဲ့ကွမ်းတံထွေးစွန့်ပစ်ခြင်းမပြုရန်၊ယာဉ်ပေါ်မှကွမ်းတံထွေးစွန့်ပစ်ခြင်းမပြုရန်၊ကွမ်းစားသူများ ကွမ်းတံထွေး
စွန့်ရန်အိတ်အပိုဆောင်ထားပြီးယင်းအိတ်ကိုအမှိုက်ပုံးထဲစွန့်ရန်အသိပေးကြေညာမှုရှိနေပြီးလိုက်နာ ဆောင်
ရွက်မှုမရှိပါကမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ဥပဒေများအရအရေး ယူဆောင်ရွက်သွား
မည်ဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်။
ယခုအချိန်၌ကွမ်းရွက်ဈေးမှာတစ်သောင်းဝန်ကျင်ခန့်တွင်ရှိနေပြီးကွမ်းသီးဈေးမှာလည်းခုနှစ်ထောင်ဝန်းကျင်
ခန့်တွင်ရှိကာ ကွမ်းယာ(၃)ယာလျှင် ငွေကျပ်တစ်ရာနှုန်းပေးနေရသည်။
ကွမ်းစားသောဓလေ့မှာမြန်မာနိုင်ငံတွင်သာမကအရှေ့တောင်အာရှနှင့်တောင်ပစိဖိတ်ဒေသများ အပါအ၀င် အိန္ဒိယနိုင်ငံများ၌ပါ အဆိုပါဓလေ့အား တွေ့ရှိရသည်။
ကြိုက်တတ်လို့စားပေမဲ့၊ဒီမိုကရေစီခေတ်မှာလူအများအနှောက်အယှက် မဖြစ်အောင်း စားဖို့တော့ လိုတယ်၊ ကွမ်းစားတဲ့သူအများစုကသတိလွတ်တတ်ကြလို့စည်းကမ်းရှိရှိကွမ်းထွေးနိုင်ဖို့နေရာလေးတွေ စီစဉ်ထားပေး
ရင်တော့ အကောင်းဆုံးပေါ့ ”ဟု နှစ်(၃၀)ကျော် ကွမ်းစွဲလမ်းစွာ စားသုံးခဲ့သူ တစ်ဦး က ပြောသည်။
မြစ်မခ
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment