လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, September 26, 2012

တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေပြီ

တစ်သောင်းကျပ်တန်ငွေစက္ကူ အတု များပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက် လံအသုံးပြုနေသူများကို ဖမ်းဆီးစစ် ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ ၂၀၁၂ခုနှစ်၊စက်တင်ဘာလ၂၁ရက်နေ့တွင်မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက် အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင် တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ် တန်ငွေစက္ကူအတု ၂၄ရွက်ကို
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန်အတု များကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်နိုင်အောင်မိုးက "တစ်သောင်းတန် ငွေစက္ကူအတုကို ကွမ်းယာဆိုင်နဲ့ တွဲပြီးရောင်းတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ သူကလာဝယ်တဲ့အခါမှာ အဲဒီဆိုင် ပိုင်ရှင်က မသင်္ကာလို့နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့ရာကတစ်ဆင့် ခြေရာခံပြီး ဖမ်းဆီးခဲ့တာပါ။ အခုလိုမျိုး ပိုက်ဆံတွေအတုလုပ်ပြီး လိမ်လည်ဖို့ ပစ်မှတ်ထားခဲ့တဲ့ဆိုင်အများစုက အခြေခံမိသားစုတွေ တနိုင်တပိုင်ဖွင့်လှစ်ရောင်းချတဲ့ဆိုင်တွေ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အတုနဲ့အစစ်ကိုခွဲခြားရာမှာ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရာတစ်ခုက အတုဆိုရင် ငွေစက္ကူအသားက အရမ်းချောမွေ့နေပါတယ်။ နောက်တစ်ခုက ငွေစက္ကူကိုထောင်ပြီး ကြည့်တဲ့အခါ အစစ်ဆိုရင် ရေစာနဲ့ လုံခြုံရေးကြိုးက သိသိသာသာမြင်ရမှာပါ။ အတုဆိုရင်တော့ လုံခြုံရေးကြိုး ပါနိုင်ပေမယ့် ရေစာမပါပါဘူး" ဟု ပြောကြားခဲ့သည်။ "အခုဖမ်းဆီးရမိတဲ့သူသုံးဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက စီအိုင်ဒီကို လွှဲပြောင်းပေးခဲ့ပါတယ်။ စီအိုင်ဒီက ဆက် လက် စစ်ဆေးဖော်ထုတ်မှုတွေပြုလုပ်နေပြီး သုံးစွဲခဲ့တဲ့နေ ရာတွေက ငွေစက္ကူအတုတွေကို လိုက်လံပြီး ပြန်လည်သိမ်း ဆည်းနေပါတယ်။ တစ်သောင်းတန် ငွေစက္ကူအတုပြုလုပ်သုံးစွဲတာ ဒါပထမဆုံးဖမ်းမိတဲ့ဖြစ်စဉ်ပါ။ အတုလုပ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေက စမ်းပြီးတစ် ရွက်ချင်းသုံးနေတဲ့အချိန်မှာ ဖမ်းမိခဲ့တာ" ဟု ဆက်လက်ပြောကြား ခဲ့သည်။ ငွေစက္ကူအတု ပြုလုပ်သူ သုံးဦးကို ပြည်ကြီးတံခွန်ရဲစခန်းမှ (ပ)၅၆၃/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-က/၄၈၉-ခ အရ အမှုဖွင့်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
 Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..