လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 9, 2014

နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Sunday, March 9, 2014

နောင်လာမည့် မျိုးဆက်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်ကို အမွေအဖြစ်ကျန်ခဲ့ရန် အရေးကြီးပြီး နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၌ပြုလုပ်သော ကော့မှူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကော့မှူးမြို့နယ်ဒေသခံများ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်း၌ စာသင်ကျောင်းဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကော့မှူးမြို့နယ်အပါအ၀င် မြန်မာတစ်နိုင်ငံလုံး၌ အလုပ်လက်မဲ့များ ပေါများသောကြောင့် အလုပ်အကိုင်ရရှိရေးနှင့် အလုပ်အရည်အသွေးမြှင့်တင်ရေးများ ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ ပြည်သူများ၏ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စသည် အလေ့အကျင့်ကောင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျန်ခဲ့တဲ့လမ်းထက် ကျန်ခဲ့တဲ့တံတားထက် အရေးကြီးတာက ပူးပေါင်းလုပ်ဆောင်မှုအလေ့အကျင့် ကျန်ခဲ့ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကျွန်မတို့နိုင်ငံအတွက် အခုနှစ်အတွက်တင် မဟုတ်ဘူး နောက်နှစ်အတွက် တင်မဟုတ်ဘူး။ မျိုးဆက်သစ်တွေအတွက်ပါ အင်မတန်မှကောင်းတဲ့ အမွေဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်တာ၊ အပေးအယူလုပ်တာ အပေးအယူလုပ်ပြီးတော့ ဘယ်တော့မဆို တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူတာတော့ ရှိမှာပေါ့။ မတူတဲ့အမြင်ကို အေးအေးဆေးဆေးနဲ့ ပညာရှိရှိနဲ့ မှန်မှန်ကန်ကန် ညှိနှိုင်းနိုင်တဲ့ အလေ့အကျင့်ဟာ အဲဒီဟာက အရေးကြီးဆုံးပါပဲ။ ကျန်တဲ့တံတားတွေ၊ လမ်းတွေထက် ကျွန်မတို့ရဲ့နောင်လာမယ့် မျိုးဆက်တွေအတွက် ထားပစ်ခဲ့ရမှာက အဲဒီဟာပါပဲ။ ညှိနှိုင်းပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံ တိုးတက်အောင်လို့ ညှိနှိုင်းပြီး ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားပြီးတော့ ဒီကိစ္စဟာ ကျွန်မတို့အတွက် ဖွံ့ဖြိုးရေးတွေပဲဖြစ်ဖြစ် အဓိကအခြေခံကတော့ ကျွန်မတို့အချင်းချင်း ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မည်သည့်နေရာသို့သွားသွား ပြည်သူများအဓိက တင်ပြချက်များသည် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ကောင်းမွန်ရေးစသည့် အခြေခံလိုအပ်ချက်များပင် ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်နေပြီဖြစ်သောကြောင့် လာမည့်နှစ် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ကော့မှူးမြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးရရှိစေရန် စီမံကိန်းတစ်ခုချပြီး လုပ်ကြည့်ချင်သည်ဟု ပြောကြားသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအ၀င် မည်သည့်ကိစ္စကိုမဆို ရေတိုမစဉ်းစားဘဲ ရေရှည်အမြင်နှင့် စဉ်းစားဆောင်ရွက်သင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအပြီးတွင် ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ၊ ထိုမှတစ်ဆင့် ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဓာတုဆေးဝါးများ ကင်းလွတ်သော စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသည့် သြဂဲနစ်သီးနှံစိုက်ခင်းသို့ သွားရောက် လေ့လာခဲ့သည်။

ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာသူ၊ ကျေးရွာသားများမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသည်ကို မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Eleven Media Group
နောင်လာမည့် မျိုးဆက်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်ကို အမွေအဖြစ်ကျန်ခဲ့ရန် အရေးကြီးပြီး နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၌ပြုလုပ်သော ကော့မှူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကော့မှူးမြို့နယ်ဒေသခံများ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်း၌ စာသင်ကျောင်းဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကော့မှူးမြို့နယ်အပါအ၀င် မြန်မာတစ်နိုင်ငံလုံး၌ အလုပ်လက်မဲ့များ ပေါများသောကြောင့် အလုပ်အကိုင်ရရှိရေးနှင့် အလုပ်အရည်အသွေးမြှင့်တင်ရေးများ ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ ပြည်သူများ၏ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စသည် အလေ့အကျင့်ကောင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျန်ခဲ့တဲ့လမ်းထက် ကျန်ခဲ့တဲ့တံတားထက် အရေးကြီးတာက ပူးပေါင်းလုပ်ဆောင်မှုအလေ့အကျင့် ကျန်ခဲ့ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကျွန်မတို့နိုင်ငံအတွက် အခုနှစ်အတွက်တင် မဟုတ်ဘူး နောက်နှစ်အတွက် တင်မဟုတ်ဘူး။ မျိုးဆက်သစ်တွေအတွက်ပါ အင်မတန်မှကောင်းတဲ့ အမွေဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်တာ၊ အပေးအယူလုပ်တာ အပေးအယူလုပ်ပြီးတော့ ဘယ်တော့မဆို တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူတာတော့ ရှိမှာပေါ့။ မတူတဲ့အမြင်ကို အေးအေးဆေးဆေးနဲ့ ပညာရှိရှိနဲ့ မှန်မှန်ကန်ကန် ညှိနှိုင်းနိုင်တဲ့ အလေ့အကျင့်ဟာ အဲဒီဟာက အရေးကြီးဆုံးပါပဲ။ ကျန်တဲ့တံတားတွေ၊ လမ်းတွေထက် ကျွန်မတို့ရဲ့နောင်လာမယ့် မျိုးဆက်တွေအတွက် ထားပစ်ခဲ့ရမှာက အဲဒီဟာပါပဲ။ ညှိနှိုင်းပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံ တိုးတက်အောင်လို့ ညှိနှိုင်းပြီး ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားပြီးတော့ ဒီကိစ္စဟာ ကျွန်မတို့အတွက် ဖွံ့ဖြိုးရေးတွေပဲဖြစ်ဖြစ် အဓိကအခြေခံကတော့ ကျွန်မတို့အချင်းချင်း ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မည်သည့်နေရာသို့သွားသွား ပြည်သူများအဓိက တင်ပြချက်များသည် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ကောင်းမွန်ရေးစသည့် အခြေခံလိုအပ်ချက်များပင် ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေရရှိရေး
 ဆောင်ရွက်နေပြီဖြစ်သောကြောင့် လာမည့်နှစ် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ကော့မှူးမြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးရရှိစေရန် စီမံကိန်းတစ်ခုချပြီး လုပ်ကြည့်ချင်သည်ဟု ပြောကြားသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအ၀င် မည်သည့်ကိစ္စကိုမဆို ရေတိုမစဉ်းစားဘဲ ရေရှည်အမြင်နှင့် စဉ်းစားဆောင်ရွက်သင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအပြီးတွင် ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ၊ ထိုမှတစ်ဆင့် ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဓာတုဆေးဝါးများ ကင်းလွတ်သော စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသည့် သြဂဲနစ်သီးနှံစိုက်ခင်းသို့ သွားရောက် လေ့လာခဲ့သည်။

ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာသူ၊ ကျေးရွာသားများမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသည်ကို မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..