မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။
သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...
"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား အဖေ"
"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"
"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"
ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...
"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"
https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်

No comments:
Post a Comment