လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့ တန်းစီနေတဲ့ လူတန်းကြီး
နောက်မှာ တန်းစီလိုက်တယ်။ မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ
ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်။ "ဟဲ့ကောင်မ ငါငွေသွင်းဖို့ စောင့်နေတာကြာလှပြီ၊ သောက်လူတန်း အရှည်ကြီးကို ဆက်မစောင့်နိုင် တော့ဘူး၊"
"လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ
ပြောလို့မရပါဘူးရှင့်"
"ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီသောက် ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"
"တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"
"အာ ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"
မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်။
"ဘာဖြစ်သလဲ စာရေးမ"
"ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"
မန်နေဂျာ က
"ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"
"ငါ့ ဒီသောက် ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ ကွ"
မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲ နည်းနည်းထွက်သွား ပုံရတယ်။ အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့
အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်းတဲ့။
မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...
"စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."
Myanmar News Media

No comments:
Post a Comment