လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 9, 2014

Andriod ဖုန်းတွေကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်များ အများအပြားထွက်ပေါ်နေ

Photo: Andriod ဖုန်းတွေကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်များ အများအပြားထွက်ပေါ်နေ

မိုဘိုင်းဖုန်း များကို တိုက်ခိုက် မည့် မိုဘိုင်း ဗိုင်းရပ်စ်များ သည် ပမာဏ အားဖြင့် များပြား လာသလို တိုက်နိုင် ဖျက်ဆီး နိုင်စွမ်းလည်း ပိုကြီးမား လာကြကြောင်း အင်တာနက် လုံခြုံရေး နည်းပညာ ကုမ္ပဏီ Kasperskly က သတိပေး ပြောကြား လိုက်သည်။ 

၂၀၁၃ တစ်နှစ်တာ အတွင်း မိုဘိုင်းဗိုင်းရပ်စ် ဆော့ဖ်ဝဲ ၁၄၃၀၀၀ ထိ ရှိခဲ့ကြောင်း ဖြင့် Kasperskly က ထုတ်ပြန်သော ၂၀၁၂-၂၀၁၃ နှစ်ချုပ် အစီရင်ခံစာ တွင် ဖော်ပြထား သည်။ ယနေ့ မိုဘိုင်းဗိုင်းရပ်စ်များ သည် ရာဇ၀တ် လုပ်ငန်း အတွက် ဟက်ကာ တစ်ဦးချင်း နှစ်ဦးချင်း ဖန်တီး ရေးသားသည့် အခြေအနေ မှ ယခုအခါ ငွေကြေး အမြတ် အစွန်း အတွက် အစုလိုက် အဖွဲ့လိုက် ကွန်ရက် ဖွဲ့၍ပင် လုပ်ကိုင် လာကြပြီ ဖြစ်ကြောင်း Kaspersky အစီရင်ခံစာ က ဖော်ပြ သည်။ 

ဖုန်းများကို ဦးတည်သော မိုဘိုင်း ဗိုင်းရပ်စ် ဆော့ဖ်ဝဲများ အနက် ၉၈ ရာခိုင်နှုန်း ထိသည် လူသုံး အများဆုံး သော အန်းဒရွိုက် ဖုန်းများကို ဦးတည် နေကြကြောင်း လည်း Kasperskly က သတိပေး ထားသည်။ မိုဘိုင်း ဗိုင်းရပ်စ်များ ၏ တိုက်ခိုက်မှု အခံရဆုံးမှာ ရုရှား နိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။ မိုဘိုင်း ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက် ခံရမှု၏ ၄၀ ရာခိုင်နှုန်း သည် ရုရှား နိုင်ငံမှ ဖုန်း များ ဖြစ်နေသည်။ 

မိုဘိုင်း ဗိုင်းရပ်စ် အများစု သည် ဖုန်းများထဲ က ငွေကြေး ဆိုင်ရာ အချက် အလက်များ၊ ပုဂ်္ဂိုလ်ရေး အချက်အလက် များကို ခိုးယူ သည့် ဗိုင်းရပ်စ် ဆော့ဖ်ဝဲ များဖြစ်ကြောင်း လည်း သိရ သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..