လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

သစ်လွင်လှပတဲ့ Samsung Wifi စပီကာ

Photo: သစ်လွင်လှပတဲ့ Samsung Wifi စပီကာ
========================
ကြိုးမဲ့ Wifi စပီကာလေးတစ်လုံးဟာ သင့်အိမ်ရဲ့ ပြီးပြည့်မူ အလှအပတွေထဲက တစ်ခုအပါအ၀င်ဖြစ်စေပါတယ်။ ထိုအတွက် Wifi စပီကာလေးတစ်လုံးလောက် စဉ်းစားဖို့ လိုလာပြီးဆိုရင်တော့ Samsung ရဲ့ Wifi စပီကာ လေးဟာလည်း ကြိမ်းသေ တစ်ခုအပါအ၀င် ဖြစ်စေပါလိမ့်မယ်။ အကြောင်းကတော့ သူရဲ့ စမတ်ကျလှပကာ ရိုးရှင်းမူတွေကြောင့်ပဲ ဖြစ်ပါတယ်။ Samsung's Wi-Fi Shape စပီကာလေးဟာ ၀ယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ($399.99) တန်ဖိုးမှာ ရှိပါလိမ့်မယ်။ Multi-room အတွေ့အကြုံကို ခံစားရမှာဖြစ်ပြီး ဘလူးတုမ့်၊ NFC နှစ်မျိုးလုံး အသုံးပြုနိင်ပါတယ်။ ၀ိုင်ဖိုင် ဖြစ်တဲ့ အတွက် သင့်ရဲ့ စမတ်ဖုန်းတွေပေါ်က Samsung Multiroom app ဆိုတဲ့ App လေးနဲ့ ထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။ ထို App ဟာဆိုရင် iOS နဲ့ Android စနစ်နှစ်မျိုးလုံးမှာ ရရှိနိင်တာပဲ ဖြစ်ပါတယ်။ အင်တာနက်အတွက် စိုးရိမ်စရာရှိခဲ့ပါမူ စက်ရဲ့ အနောက်ဘက်မှာ Ethernet port ပါရှိတဲ့အတွက် ဒီအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ USB အပေါက်လည်းပါရှိပါသေးတယ်။ ကောင်းမွန်တဲ့ အသံထွက်တွေနဲ့ ခံစားရရှိမည့် Samsung ရဲ့ Wifi စပီကာ Shape M7 ပဲ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..