လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 3, 2014

အဖေ သားသိပါတယ်

Photo: သားငယ်တုန်းကမှတ်မိပါသေးတယ် သားအရမ်းလိုချင်တဲ့ အရုပ်လေးပူဆာတော့ အဖေမျက်နှာသားကို ကြည့်လိုက်တယ်လေ ပြီးတော့ အဖေ့မျက်နှာလေး ညှိုးနွမ်းသွားသွားခဲ့တယ်လေ အဲ့အရုပ်လေး အဖေဝယ်ခဲ့ပေးတာပေါ့ 

သားတို့မိသားစုထမင်းဝိုင်လေး အဖေမှတ်မိမှာပါ ဘဲဥလေး နှစ်လုံးကို မိသားစုဝေစားခဲ့ကြတာ တစ်ယောက်တစ်ခြမ်းရပေမယ့် မိသားစုငါးယောက်မလောက်ငှတော့ အဖေဘဲဥမကြိုက်ပါဘူး ပြောခဲ့တယ် 

သားတနေ့မှာ အိမ်မပြန်လာဘူးလေ လိုက်ဆော့နေတာ အဖေစိတ်ပူလိုက်တာအဲ့နေ့က ဘာလုပ်လို့ဘာကိုင်ရမှန်မသိဘူး ပြီးတော့ အဖေသားရိုက်ခဲ့တယ် သားငိုတဲ့အခါ အဖေ့ မျက်နှာလေး မကောင်းဘဲ သားကို ပြန်ချော့ခဲ့တယ်လေ 

အဲ့ဒီနှစ်ပေါ့ သားကို မူလတန်း ကျောင်းစထားပေခဲ့တာ အဖေအဲ့နေ့က ပြုံးလို့ပေါ့ ပြီးတော့ သားစာကြိုးစား လိမ်လိမ်မာမာနေနော်တဲ့ သားကျောင်းအပြန်အဖေအမြဲလာကြိုခဲ့တယ် 

သားမမေ့နိုင်တဲ့နေ့တွေထဲ မိုးတွေရွာနေတယ် အဖေသားကို ကျောင်းမှာလာမကြိုဘူး သား အရမ်းစိတ်ဆိုးခဲ့တယ် အကြာကြီး ထိုင်စောင့်နေပါတယ် အဖေရောက်မလာခဲ့ဘူး 

နောက်တော့ ကိုကြီးလာကြိုမှ သားပြန်ခဲ့ရတယ် အိမ်ပြန်ရောက်တော့ အဖေ ထူးခြားနေတယ်လေ အဖေအိပ်နေတာကို အမေတို့အမတွေ ငိုနေကြတယ် 

အမေ့ဆီက စကားသံ သားမှတ်မိနေတုန်းပါ သားငယ်ကို ခေါ်သွားကြ ဒီနား ပေးမလာပါနဲ့ လို့အော်ပြီးပြောနေတာ အဲ့ချိန်ကတည်းက အဖေ့ကို သား မတွေ့တော့ဘူး 

ကျောင်းကိုလည်း အဖေလာမကြိုတော့ ဘူး သားမျှော်မျှော်နေမိခဲ့တယ် သူများတွေ အဖေလို့ခေါ်တိုင်းလေ သား အဖေပျောက်ရှနေခဲ့တယ် 

သားတို့အိမ်က ထမင်းဝိုင်းလေ ဘဲဥမကြိုက်ပါဘူး ပြောတတ်တဲ့ အဖေ သားမတွေ့တော့ဘူးလေ သားကို ရိုက်မယ့် အဖေ ပျောက်ဆုံးသွားခဲ့တယ် 

အဖေကောင်းရာဘုံဘဝ ရောက်ပါစေ 

ဒိုင်ယာရီ 
ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်
သားငယ်တုန်းကမှတ်မိပါသေးတယ် သားအရမ်းလိုချင်တဲ့ အရုပ်လေးပူဆာတော့ အဖေမျက်နှာသားကို ကြည့်လိုက်တယ်လေ ပြီးတော့ အဖေ့မျက်နှာလေး ညှိုးနွမ်းသွားသွားခဲ့တယ်လေ အဲ့အရုပ်လေး အဖေဝယ်ခဲ့ပေးတာပေါ့
သားတို့မိသားစုထမင်းဝိုင်လေး အဖေမှတ်မိမှာပါ ဘဲဥလေး နှစ်လုံးကို မိသားစုဝေစားခဲ့ကြတာ တစ်ယောက်တစ်ခြမ်းရပေမယ့် မိသားစုငါးယောက်မလောက်ငှတော့ အဖေဘဲဥမကြိုက်ပါဘူး ပြောခဲ့တယ်
သားတနေ့မှာ အိမ်မပြန်လာဘူးလေ လိုက်ဆော့နေတာ အဖေစိတ်ပူလိုက်တာအဲ့နေ့က ဘာလုပ်လို့ဘာကိုင်ရမှန်မသိဘူး ပြီးတော့ အဖေသားရိုက်ခဲ့တယ် သားငိုတဲ့အခါ အဖေ့ မျက်နှာလေး မကောင်းဘဲ သားကို ပြန်ချော့ခဲ့တယ်လေ

အဲ့ဒီနှစ်ပေါ့ သားကို မူလတန်း ကျောင်းစထားပေခဲ့တာ အဖေအဲ့နေ့က ပြုံးလို့ပေါ့ ပြီးတော့ သားစာကြိုးစား လိမ်လိမ်မာမာနေနော်တဲ့ သားကျောင်းအပြန်အဖေအမြဲလာကြိုခဲ့တယ်

သားမမေ့နိုင်တဲ့နေ့တွေထဲ မိုးတွေရွာနေတယ် အဖေသားကို ကျောင်းမှာလာမကြိုဘူး သား အရမ်းစိတ်ဆိုးခဲ့တယ် အကြာကြီး ထိုင်စောင့်နေပါတယ် အဖေရောက်မလာခဲ့ဘူး

နောက်တော့ ကိုကြီးလာကြိုမှ သားပြန်ခဲ့ရတယ် အိမ်ပြန်ရောက်တော့ အဖေ ထူးခြားနေတယ်လေ အဖေအိပ်နေတာကို အမေတို့အမတွေ ငိုနေကြတယ်

အမေ့ဆီက စကားသံ သားမှတ်မိနေတုန်းပါ သားငယ်ကို ခေါ်သွားကြ ဒီနား ပေးမလာပါနဲ့ လို့အော်ပြီးပြောနေတာ အဲ့ချိန်ကတည်းက အဖေ့ကို သား မတွေ့တော့ဘူး

ကျောင်းကိုလည်း အဖေလာမကြိုတော့ ဘူး သားမျှော်မျှော်နေမိခဲ့တယ် သူများတွေ အဖေလို့ခေါ်တိုင်းလေ သား အဖေပျောက်ရှနေခဲ့တယ်

သားတို့အိမ်က ထမင်းဝိုင်းလေ ဘဲဥမကြိုက်ပါဘူး ပြောတတ်တဲ့ အဖေ သားမတွေ့တော့ဘူးလေ သားကို ရိုက်မယ့် အဖေ ပျောက်ဆုံးသွားခဲ့တယ်

အဖေကောင်းရာဘုံဘဝ ရောက်ပါစေ

ဒိုင်ယာရီ
ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..