လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 3, 2014

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း သုံးလိုင်းသာ ပြေးဆွဲမည်

Photo: သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း သုံးလိုင်းသာ ပြေးဆွဲမည်
Wednesday, April 02, 2014

သင်္ကြန်ကာလအတွင်း အဝေးပြေး ယာဉ်ရပ်နားစခန်းနှစ်ခုမှ ယာဉ်လိုင်းသုံးလိုင်းသာ ပြေးဆွဲမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း နှစ်ခုရှိသည့်အနက် ဒဂုံဧရာမှ လုံးဝမပြေးဆွဲဘဲ အောင်မင်္ဂလာမှ ရန်ကုန်-မန္တလေး ပြေးဆွဲသော စည်းစိမ်ရှင် ယာဉ်လိုင်းနှင့် မန်းရာဇာ ယာဉ်လိုင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး-ပြင်ဦးလွင် ပြေးဆွဲသည့် မန္တလာမင်း ယာဉ်လိုင်း သုံးလိုင်းသာ ပိတ်ရက်မရှိ တစ်ရက်လျှင် တစ်စီးပြေး ဆွဲပေးမည် ဖြစ်ကြောင်း မထသ (ဗဟို) ထံမှ စုံစမ်းသိရှိရသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းနှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းများတွင် ယာဉ်လိုင်းပေါင်း ၁၂၃ လိုင်းရှိရာ ဧပြီလ ၁၀ ရက်နေ့တွင် ယာဉ်လိုင်းနှစ်လိုင်း၊ ဧပြီလ ၁၁ ရက်နေ့တွင် ယာဉ်လိုင်း ခုနစ်လိုင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် ယာဉ်လိုင်း ၆၈ လိုင်း၊ ဧပြီလ ၁၃ ရက်နေ့တွင် ယာဉ်လိုင်း ၄၁ လိုင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ယာဉ်လိုင်းနှစ်လိုင်း အသီးသီး ရပ်နားမည်ဖြစ်ရာ ယာဉ်လိုင်း သုံးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲပေးမည် ဖြစ်ကြောင်းမထသ (ဗဟို) ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

အခါသင်္ကြန်ကာလသည် နေ့လယ်ဘက်များတွင် ရေပက်လေ့ ရှိသဖြင့် ညပိုင်း ၉ နာရီအချိန်တွင် ပိတ်ရက်မရှိ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အဝေးပြေး ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ယာဉ်လိုင်း ၉၅ လိုင်း၊ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်း ၂၈ လိုင်း ရန်ကုန်အခြေပြု ပြေးဆွဲပေးလျက် ရှိကြောင်း မထသ (ဗဟို) ၏ တရားဝင် စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..