လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 26, 2014

ရေနောက်ကို ရေကြည်ရေသန့် ဖြစ်အောင် လုပ်နည်း

Photo: ရေနောက်ကို ရေကြည်ရေသန့် ဖြစ်အောင် လုပ်နည်း

လိုအပ်သော ပစ္စည်းများ

၁။အပေါက်ဖောက်ထားသော ရေအိုး/ရေပုံး
၂။ရေအိုးစင်
၃။ရေစိမ့်ကျနိုင်သော ရေစစ်အဝတ်သန့် ၂ ခု
၎။ ရေအိုး/ရေပုံး
၅။သန့် စင်ဆေးကြောထားသော သဲ၊မီးသွေး၊ကျောက်စရစ်ခဲများ

သောက်ရေစစ်အိုးပြုလုပ်ပုံ

၁။ အပေါက်ပါသော ရေအိုး/ရေပုံးကို ရေစစ်အဝန်သန့် ဖြင့် လုံအောင်ဖုံးပါ ။
၂။ သန့် စင်ထားသောသဲကို ထိုရေအိုး၏ ၃ပုံတစ်ပုံခန့် ထိ ဖြည့်ပါ။
၃။ယင်းသဲပေါ်မှ အဝတ်သန့် ပိတ်စတစ်ခုကို ထပ်ဖုံးပါ ။
၎။၎င်းအဝတ်စပေါ်မှာ မီးသွေးကို ထည့်ပါ။
၅။အိုးပြည့်လုနီးပါးအထိ ကျောက်စရစ်ခဲတွေကို မီးသွေးအပေါ်မှာထည့်ပါ။

၆။ထိုအိုးထဲသို့  ရေသန့် ဖြင့်ဦးစွာလောင်းပါ ။ပထမဆုံးကျလာသောရေမှာ
သဲမှုန်တွေ၊မီးသွေးမှုန်များပါလာတတ်သည့်အတွက် လုံးဝမပါတော့တဲ့အထိ
(ရေကြည်ရေသန့် ) ဖြင့်သာ ထည့်လောင်းပါ။

ရ။အမှုန်အမွှားကင်းစင်သော ရေသန့် လာချိန်မှ မိမိတို့ ရေကြည်ရေသန့် 
ဖြစ်စေချင်တဲ့( အနံ့ ပါသော၊နောက်ကျိနေသော၊ဇဝက်သာအနံ့ ပါရှိသော၊
သံဓါတ်ပါသော)ရေကို ထည့်ပြီး ရေကြည်ရေသန့် အဖြစ်ရယူကြပါ ။

ရေကြည်ရေစစ်အိုးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

၁။ သံဓါတ်ကင်းခြင်း
၂။ အနံ့ /ဇဝက်သာအနံ့ ကင်းခြင်း
၃။ဘက်တီးရီးယားပိုးမွှားများ ကင်းစင်ခြင်း
၎။ရေကြည်လင်ခြင်း
၅။အငန်ဓါတ်လျော့ခြင်း
၆။သန့် ရှင်းပြီး သောက်သုံးရေကို စရိတ်နည်းစွာ ရရှိနိုင်ခြင်းတို့ 
ဖြစ်ပါတယ်။

သတိပြုရန်များ။ ။
၁။ သဲ၊မီးသွေး၊ကျောက်စရစ်များကို ရေကြည်ရေသန့် ဖြင့်
သန့် ရှင်းသည့်အထိ ဆေးကြောပါ ။

၂။ရေစစ်ပိတ်စကို သုံးစွဲသည့် ရေအမျိုးအစားနှင့်ရေပမာဏပေါ်မူတည်၍
၂လတစ်ကြိမ် ၃လတစ်ကြိမ် ပြန်လည်ဆေးကြောသန့် စင်ပါ။

၃။သဲ၊မီးသွေး၊ကျောက်စရစ်ခဲများ၏ထည့်ဝင်မှုပမာဏသည် အပေါက်ပါသော
ရေအိုး/ရေပုံး၏ ၃ပုံ၁ပုံသာရှိရမည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..