လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 26, 2014

ဘန်ကောက်မှာ ကားသူခိုးတစ်ဦး ဖြစ်ခဲ့တဲ့ မင်းသားအောင်ရဲလင်း

Photo: ဘန်ကောက်မှာ ကားသူခိုးတစ်ဦး ဖြစ်ခဲ့တဲ့ မင်းသားအောင်ရဲလင်း

အနုပညာလောကတွင် လူငယ် မင်းသား တစ်ယောက်အနေဖြင့် အောင်မြင် နေသည့် အောင်ရဲလင်းက သင်္ကြန်ကာလတွင် ဘန်ကောက်တွင် ကားသူခိုး ဇာတ်လမ်းသွားရောက် ရိုက်ကူးခဲ့ကြောင်း ပြောသည်။

ကျွန်တော် ဒီနှစ် သင်္ကြန်မှာ ရေတောင် မထိလိုက်ရဘူး။ ဘန်ကောက်မှာ ကားရိုက် နေတာ။ ဇာတ်လမ်း လေးကလည်း ဆန်းတယ်။ အ ခက်အခဲ တော့ မရှိခဲ့ပါဘူး။သွားရေး လာရေးတစ်ခုလောက်ပါပဲ။ကာရိုက် တာက ကားခိုးတဲ့ ပုံစံ၊ ဘန်ကောက် ကနေ မြ၀တီကို ခိုးပို့တာ၊ ကားနာမည်က Black Love In Bangkok ပါ။တော်တော်လေး လည်း ကောင်းပါတယ်။ မြန်မာပရိသတ်တွေ လည်း ကြိုက်မယ် လို့ထင်ပါတယ်။ကားသူခိုး ကာရိုက်တာ အတွက်တော့ ကြီးကြီးမားမား ကြီးတော့ ပြင်ဆင်ခဲ့ရတာမျိုးတော့ မရှိပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်က ဂျစ်ကန်ကန် ဂျလေဘီပုံကို ကြိုက်တယ်။

နောက်ပြီး ကျွန်တော်က အဲဒါမျိုး အိုက်တင်တွေဆိုရင် မှတ်ဉာဏ်အား ကောင်း တယ်။ပိုမှတ်တယ်။ ဒီနှစ်ဦးပိုင်း မှာတော့ ဒါပဲ ရှိသေးတာ ပေါ့၊ ဒီတစ်ကျော့ပြီးသွားရင်တော့ ကားတွေအများကြီး ထဲကနေ ကားတွေပေါ် မှာ သေချာလေး Plan ဆွဲပြီး ရိုက်ဖို့ကို စဉ်းစားသွားမယ်။ ဇာတ်လမ်း လည်း ရွေးသွား မယ်။ ဇာတ်ရုပ်တွေထဲက ထူးထူး ခြားခြားဖြစ် မယ့်ဟာ ကို ရွေးပါ့မယ် ဟု အောင်ရဲလင်း က ပြောပြသည်။ လတ်တလောတွင် အောင်ရဲလင်း သည် ဒါရိုက်တာကျော်ဇောလင်း (အတွေး ပုံရိပ်) ရိုက်ကူးနေသော “အထာလေးတော့ ရှိလိုက်ပါ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် နေ ကြောင်း သိရသည်။

The Messenger

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..