လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 6, 2014

မြောက်ကိုရီးယားမှ ဒုံးကျည်များ အသစ်ထပ်မံ ပစ်ခတ်ခဲ့လျှင် ပစ်ချရန် ဂျပန်မှ စစ်တပ်အား အမိန့်ပေးထား

Photo: မြောက်ကိုရီးယားမှ ဒုံးကျည်များ အသစ်ထပ်မံ ပစ်ခတ်ခဲ့လျှင် ပစ်ချရန် ဂျပန်မှ စစ်တပ်အား အမိန့်ပေးထား
Saturday, April 5, 2014

ပြုံးယမ်းမှ ရိုဒေါင် တာလတ်ပစ် ပဲ့ထိန်းဒုံးကို ပင်လယ်တွင်းသို့ ပစ်ခတ်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားမှ ပစ်ခတ်သည့် မည်သည့် ပဲ့ထိန်းဒုံးကိုမဆို ပစ်ချသွားရန် ဂျပန်ပင်လယ် အတွင်းရှိ ဖျက်သဘောင်္ကို အမိန့်ပေးထားကြောင်း အစိုးရမှ စနေနေ့တွင် ပြောကြားခဲ့သည်။

၎င်းအမိန့်ကို ကြာသပတေးနေ့တွင် ဂျပန် ကာကွယ်ရေး ဝန်ကြီး အစ်ဆူနိုရီ အိုနိုဒဲရာမှ ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်များအတွင်း ပထမဆုံး အကြိမ်အဖြစ် တိုကျိုနှင့် ပြုံးယမ်းကြား စကားပြောဆိုမှုကို မထိခိုက်စေရန်အတွက် လူထုကြား ထုတ်ပြန်မှု မရှိခဲ့ပေ။

“ ဧပြီလ ၃ ရက်ကနေ ၂၅ ရက်နေ့အထိ ဘယ်လို ပဲ့ထိန်းဒုံး ပစ်ခတ်မှုမျိုးမဆိုအတွက် ပြင်ဆင်ထားဖို့ ကာကွယ်ရေး ဝန်ကြီးက အမိန့် ထုတ်ထားပါတယ် ” ဟု သတင်းရင်းမြစ်မှ ပြောဆိုခဲ့သည်။

ပစ်ခတ်လာနိုင်သည့် ဒုံးကျည်များအတွက် နောက်ဆုံး ကာကွယ်မှု ဖြစ်သည့် ပက်ထရီယော့ ဒုံးကျည် ဘက်ထရီများကိုမူ အိုနိုဒဲရာမှ တပ်ဆင်ထားမှု မရှိဟုလည်း ပြောကြားခဲ့သည်။

ယခုအပတ်အတွင်း မြောက်ကိုရီးယားနှင့် ဂျပန်တို့၏ ဘေဂျင်းတွင် ဆွေးနွေးမှုမှာ တိုးတက်မှု မရှိခဲ့သော်လည်း ထပ်မံ ဆွေးနွေးရန် သဘောတူညီမှု ရရှိထားခဲ့သည်။

ရိုဒေါင် ဒုံးကျည်ပစ်ခတ်မှုမှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် တောင်ကိုရီးယား၊ ဂျပန်တို့မှ ခေါင်းဆောင်များ ဟိဂ်မြို့တွင် ဆွေးနွေးနေစဉ် ဖြစ်ပွားခဲ့ပြီး တာတိုပစ် ဒုံးကျည်များကိုလည်း စမ်းသပ်ပစ်ခတ်ခဲ့သည်။

၎င်းပစ်ခတ်မှုမှာ မြောက်ကိုရီးယားမှ အလေးမထား ဂရုမစိုက်သည့်ပုံ ပေါ်လျက်ရှိသည်။

ပစ်ခတ်ခဲ့ပြီးနောက် ဒုံးကျည်မှာ ကီလိုမီတာ ၆၅၀ (မိုင်ပေါင်း ၄၀၀) ခန့်ကို ကျော်ဖြတ်ခဲ့ပြီး ပျံသန်းနိုင်မည် မျှော်မှန်းထားသည့် ကီလိုမီတာ ၁၃၀၀ ထက် လျော့နည်းခဲ့သည်။

ဂျပန်၏ ကာကွယ်ရေး ဖျက်သဘောင်္များမှာ အဆင့်မြင့် ရေဒါစံနစ်များ တပ်ဆင်ထား၍ ပစ်မှတ် အများအပြားကို ထောက်လှမ်းနိုင်ပြီး ပဲ့ထိန်းဒုံးများကို လေထုထဲတွင်ပင် ပစ်ချနိုင်သော ဒုံးကျည်များ ပါဝင်သည်။

REF: Reuters
မြန်မာ့ခေတ်

ြဲြဲု့ြိ့် မြန်မာ့ခေတ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..