လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 6, 2014

(၃၂) ကြိမ်မြောက် နွား ဘေးမဲ့ပွဲတော် ကျင်းပမည်

Photo: (၃၂) ကြိမ်မြောက် နွား ဘေးမဲ့ပွဲတော် ကျင်းပမည်

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အလယ်ရပ် ချမ်းသာကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့၏ (၃၂)ကြိမ်မြောက် ဇီဝိတဒါန နွားဘေးမဲ့ ပွဲတော်ကို

နှစ်ဆန်း ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ နှစ်ဆန်း ၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ဗောဓိငါးထောင် ဥယျာဉ်တော်ကြီးနှင့် ဘေးမဲ့ခြံသို့  ပို့ဆောင် ဒါနပြု လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ မုံရွာမြို့ အလယ်ရပ် ချမ်းသာကြီး မြတ်စွာဘုရား ဂေါပက အဖွဲ့မှ နာယက (၁) ဦးအောင်ခင်က ''လယ်တီ ဆရာတော်ကြီးရဲ့ သြဝါဒအတိုင်း နှစ်စဉ် နွားဘေးမဲ့ လှူဒါန်း လာခဲ့တာ အခုနှစ်ဆို (၃၂) ကြိမ် ရှိပါပြီ။ မုံရွာမြို့ စည်ပင်သာယာဈေး ၁ဝ ဈေးက နှစ်ဆန်း ၁ ရက်မှာ အသုံးပြုမဲ့ နွားတွေကို ဝယ်ယူပြီး ဘေးမဲ့ လွှတ်မှာပါ။ နှစ်ဆန်း ၂ ရက်နဲ့ ၃ ရက်တွေမှာ မုံရွာမြို့ပေါ်မှာ ဘေးမဲ့ လွှတ်မယ့် နွားတွေကို လှည့်လည် ပြသသွားမှာ ဖြစ်ပါတယ်။ အခု နှစ်မှာတော့ မန္တလေးမြို့ ဗောဓိငါးထောင် ဥယျာဉ်တော်ကြီး ဘေးမဲ့ခြံကို ပို့ဆောင် လှူဒါန်းသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။ မုံရွာ ချမ်းသာကြီး နွားဘေးမဲ့ ပွဲတော်ကို ပထမ လယ်တီ ဆရာတော်ကြီး၏ သြဝါဒအတိုင်း ၁၃၄၅ ခုနှစ်မှ စတင်၍ ကျင်းပ လာရာ ၁၃၄၅ ခုနှစ်မှ ၁၃၅၇ ခုနှစ်(၁၃)ကြိမ်မြောက် အထိ နွား၊ ကျွဲ၊ ဆိတ် ၂၅၈ ကောင် တန်ဖိုး ငွေကျပ် ၁ဝ၂၅ဝဝဝ ကို မန္တလေးမြို့ တံခွန်တိုင် ဘေးမဲ့ခြံ၊ (၁၄)ကြိမ်မှ (၁၇)ကြိမ်မြောက် အထိ နွား ၄၅  ကောင်ကို ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ် ခမည်းပြင် ဘိုးဘိုးကြီး ဘေးမဲ့ခြံ၊ (၁၈)ကြိမ်မှ (၁၉)ကြိမ်မြောက် အထိ နွား ၂၅ ကောင် တန်ဖိုး ငွေကျပ် ၇၁၆ဝဝဝ ကို ပြင်ဦးလွင်မြို့ ပွေးတောင်သျှီ ကစ္စနား နွားဘေးမဲ့ခြံ၊ အကြိမ်(၂ဝ)မှ (၂၅)ကြိမ် အထိ နွား ၁ဝ၁ ကောင် တန်ဖိုး ငွေကျပ် ၇၅၂၃၅ဝဝ ကို နောင်ချိုမြို့နယ် သုံးဆယ်ရွာ လော့ခူး သက်ရှည်မြိုင် နွားဘေးမဲ့ခြံ၊ (၂၆)ကြိမ်မှ (၂၈)ကြိမ်မြောက် အထိ နွား ၅၄ ကောင် တန်ဖိုးငွေကျပ် ၁၁၂၅ဝဝဝဝ ကို ပဲခူးတိုင်း ဒေသကြီး ပဏ္ဍိတရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၊ (၂၉)ကြိမ်မြောက်မှ အကြိမ်(၃ဝ) မြောက်အထိ နွား ၃၉ ကောင် တန်ဖိုးငွေကျပ် ၉၃၁၅ဝဝဝ ကို ရန်ကုန်မြို့ ဂျူဗလီပန်ဂျရာ ပိုလ်စိုဆိုက်တီး ဟိန္ဒူဘာသာရေး ဂေါသာလ နွားဘေးမဲ့ခြံနှင့် ၁၃၇၅ ခုနှစ် (၃၁) ကြိမ်မြောက်တွင် နွား အကောင် ၂ဝ တန်ဖိုးငွေကျပ် ၅၉၅ဝဝဝဝ ကို ရေစကြိုမြို့နယ် ပန်းတိုင်းခြုံကျေးရွာ မေတ္တာစိမ့်စမ်း ဘေးမဲ့ ဥယျာဉ်သို့ ဘေးမဲ့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..