လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 10, 2014

ကုမ္ပဏီမှ မတရားစွဲချက်တင် အဖမ်းခံရသော အမျိုးသမီးဝန်ထမ်း ပြန်လွတ်မြောက်

Myanmar Forward's photo.
ကုမ္ပဏီမှ အလုပ်ထွက်ပြီး (၅)လ အကြာတွင် အာမခံမရဘဲ တရားစွဲဆို ခံရသည့် အမျိုးသမီး မဆုဆုအောင်မှာ ဥပဒေ အရာရှိ၏ စစ်ဆေးချက် အရ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကာ သူမအနေဖြင့် အလုပ်ရှင်အားပြန်လည် တရားစွဲဆိုသွားလိမ့်မည် မဟုတ်ကြောင်း သိရသည်။
“ကျွန်မတို့ အနေနဲ့ ကုမ္ပဏီကို ပြန်ပြီး တရားစွဲဆိုသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အမျိုးသားက သဘောင်္သား ဖြစ်နေတဲ့အတွက် တရားရင်ဆိုင်ဖို့ အတွက် အချိန်မရပါဘူး။ ဒါ့ကြောင့် တရားပြန်မစွဲပါဘူး။ဒါပေမဲ့ သူတို့ဘက်ကနေ နောက်ထပ် ပုဒ်မတစ်ခုနဲ့ တရားပြန်
စွဲခဲ့မယ် ဆိုရင်တော့ အဲဒီအချိန်မှာမှ ကျွန်မတို့လည်း တရားရင်ဆိုင်ဖို့ စဉ်းစားပါမယ်။ အခုအချိန်မှာတော့ အမှုကနေ လွတ်ကင်းခဲ့တဲ့ အတွက် ၀မ်းသာနေပါတယ်”ဟု ကုမ္ပဏီမှ မတရားစွဲချက်တင် အဖမ်းခံခဲ့ရာမှ လွတ်မြာက်လာသူ မဆုဆုအောင်က ပြောသည်။

အဆိုပါ ပုဒ်မ ၃၈၁သည် စခန်းမှူးမှ ပုဒ်မတပ်ခြင်း မဟုတ်ဘဲ ခရိုင်မှူးမှ
သာ ပုဒ်မတပ်ခြင်း ဖြစ်ကြောင်း ရဲထင်မြင်ချက်နဲ့ တရားရုံးကို ရုံးတင်ခွင့် မရှိသဖြင့် ဥပဒေ အရာရှိများထံမှ အကြံတောင်းယူသည့် အခါ အရာရှိက တစ်ဖက်လူ ထွက်ဆိုချက်၊ ကာယကံရှင် မိန်းကလေး ထွက်ဆိုချက်၊ ရဲထွက်ဆိုချက်များ ကြည့်ပြီး ဒီအမှုက ၃၈၁ပုဒ်မမြောက်ကြောင်း အမှုဖွင့်ချင်ပါက ပုဒ်မ ၄၀၃ ဖြင့်သာ အမှုဖွင့်၍ရကြောင်း စခန်းမှူး
ပြောကြားချက်အား ကိုဖြိုးအောင်ဝင်းက ပြန်လည် ပြောပြခဲ့သည်။

“၂၈ရက်နေ့ ကျောက်တံတား ရဲစခန်းမှာ ရမန်သွားယူတဲ့ အချိန် စခန်းမှူး
က ရှင်းပြပါတယ်။ ရဲအရေးပိုင်တဲ့ အမှုဆိုပြီး ခရိုင်မှူးက ပုဒ်မ ၃၈၁ တပ်လိုက်ပေမယ့် အခုဥပဒေ အကြံပေး အရာရှိက ဒီအမှုကို စစ်ဆေးပြီးတဲ့ အချိန်မှာ ဒီအမှုက ခိုးမှုလည်း မမြောက်သလို ပုဒ်မ ၃၈၁လည်း တပ်လို့
မရတဲ့ အတွက် ပြန်လွှတ်ပေးမယ်ပြောလို့ သေသေချာချာ ရှင်းပြပြီး
ပြန်လွှတ် ပေးလိုက်တာပါ”ဟု မဆုဆုအောင်၏ ခင်ပွန်းဖြစ်သူ ကိုဖြိုးအောင်ဝင်းက ရှင်းပြသည်။

၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မဆုဆုအောင်အား ကျောက်တံတား ရဲစခန်းမှ ဒုရဲအုပ် ဖြစ်သူက လာရောက် တွေ့ဆုံရန် ပြောသဖြင့် မတ်လ
၁၆ ရက်နေ့တွင် သွားရောက်ခဲ့ရာ မေးမြန်းပြီးချိန်တွင် ချက်ချင်း ဖမ်းချုပ်ခံ
ခဲ့ရ၍ ပုဒ်မ ၃၈၁ဖြင့် တရားစွဲဆို ခံခဲ့ရသည်။

ယင်းဖမ်းချုပ်ခံရပြီး ၂၂ ရက်မြောက်နေ့တွင် မဆုဆုအောင်သည် အချုပ်ထဲ
တွင် သွေးအား နည်းခြင်းကြောင့် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသ ခံယူခဲ့ရကာ မတ်လ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရသဖြင့် ၂၆ ရက်နေ့ တွင် ဆေးရုံဆင်းကာ ၂၈ မြောက်နေ့တွင် ပုဒ်မ ၃၈၁ မမြောက်သဖြင့်
ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ဆေးရုံက ဆင်းတာ မသက်သာဘဲနဲ့ ဆင်းရတာပါ။ ဆေးရုံက ဆင်းတာ ၂၆ရက်နေ့ကပါ။ ၂၅ ရက်နေ့က ဆရာဝန်မက ဗိုက်တွေ၊ ခြေထောက်တွေ၊ လက်တွေ စမ်းတယ်။ တကယ်တမ်း ဖြစ်နေတာ အဲနေရာ မဟုတ်ဘူး။
ခေါင်းမူးပြီး အန်နေတာပါ။ ထလဲ မထနိုင်ဘူး။ ထိုင်လည်း မထိုင်နိုင်ဘူး။

ဆေးရုံမှာ သံခြေကျင်းနဲ့ ခတ်ခံထားရတဲ့ အတွက် ထဖို့ကလည်း မလွယ်ဘူးလေ။ အန်တယ်ဆိုအအန်ပျောက် ဆေးပေးတယ်။
ဆေးပေးတယ်ဆိုပြီး လက်လွတ်စပါယ်ထားတဲ့သဘောဖြစ်နေတယ်။
ဆေးရုံက ရဲတွေရှေ့မှာ ဆင်းလို့ရပြီလို့ ပြောတယ်။ အဲတာနဲ့ တစ်ရက် ထပ်ထားတယ်။ ၂၆ ရက်နေ့ ကျတော့ ဆေးရုံက မောင်းချတဲ့
သဘောမျိုး။ အဲဒါကြောင့် ဆင်းလာရတာပါ”ဟု ကာယကံရှင်
အမျိုးသမီး မဆုဆုအောင်က ပြောသည်။

မဆုဆုအောင်အား Lazar World ကုမ္ပဏီမှ အလုပ်ထွက်ပြီး ငါးလ
အကြာတွင် ကုမ္ပဏီမှ ဖုန်းဆက်၍ ဇာတ်ညွှန်း အပိုင်းအစများ
ပြန်လည် တောင်းခံခြင်း ဖြစ်ကြောင်း ယင်းအချိန်တွင် မဆုဆုအောင်
သည် လက်ထပ်နေချိန် ဖြစ်နေ၍ မလာရောက်နိုင်သဖြင့် မတ်လ ၁၆ရက်နေ့တွင် ပုဒ်မ ၃၈၁ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း
သိရသည်။

“ရဲစခန်း သက်သေထွက်ဖို့ ခေါ်တော့ သူ့ဘက်က သက်သေ နှစ်ယောက်
ကလည်း လိမ်လည်ပြီးတော့ ထွက်ဆိုတာပါ။ ညီမနဲ့တူတူ ဇာတ်ညွှန်းကို ရိုက်ရမယ့် တစ်ယောက်လဲရှိတယ်။ သမီးလိုပဲ ဇာတ်ညွှန်းကို ယူသွားပြီး
လေ့ကျင့်တယ်။ အခုထွက်ဆိုတဲ့ အချိန်ကျတော့ အိမ်မယူဘူးလို့ ထွက်ဆိုတယ်”ဟု မဆုဆုအောင်က ပြောသည်။

အဆိုပါ တရားစွဲဆိုသူမှ ယခင်က မဆုဆုအောင်အား ကားဖြင့်လိုက်ပို့ရင် “အရှေ့ကို လာထိုင်ပါ။ ဂါဝန် ၀ယ်ပေးမယ်။ အခုလို ၀ယ်ပေးမှာကိုလည်း ဘယ်သူမှ မသိစေနဲ့လို့ ပြောတယ်။ ရုံးမှာဆိုလည်း သူ့ရုံးခန်းထဲခေါ်ပြီး အလုပ်လုပ် ခိုင်းတာမျိုးလည်း ရှိပါတယ်။

အလုပ်ထွက်ခါနီး ကျတော့လည်း လုံးဝ မထွက်ရဘူးလို့ ပြောတယ်။ အလုပ်ထွက်တဲ့ အတွက် တရားစွဲမယ်
လို့လည်း ခြိမ်းခြောက်ခဲ့တယ်။ သမီးက နိုင်ငံခြားသွားမှာမို့လို့ အလုပ်
ထွက်မှာလို့ ပြောတော့ သူက ငါကိုယ်တိုင် နိုင်ငံခြားကို လိုက်ပို့ပေးပါမယ်။

ဒါကြောင့် အလုပ်မထွက်နဲ့လို့ ပြောခဲ့တယ်။ အလုပ်ထွက်ပြီး ငါးလ
လောက်ကြာ တဲ့အခါ နိုင်ငံခြား မထွက်ဖြစ်သေးဘဲ ယောက်ျား
ယူလိုက်တဲ့ အတွက် မခံမရပ်နိုင်ဖြစ်တာလို့ ထင်တယ်”ဟု ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(ရ)မှသတင်း )
Kyaw Swar Myint

Myanmar CNN
Myanmar Forward's photo.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..