လူတချို့တွေးထင်နေတာနဲ့ ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတဲ့ အချက်ကတော့
သန္ဓေတားဆေးတွေ အသုံးပြုခြင်းဟာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုကို
မဖြစ်စေနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကတော့ ဂျာနယ်
Obstetrics & Gynecology ရဲ့ လေ့လာတွေ့ရှိချက် အသစ်တရပ်ပဲ ဖြစ်ပါတယ်။
ဒီလေ့လာတွေ့ရှိချက် အသစ်ဟာ အသက် ၁၄နှစ်ကနေ ၁၅ နှစ်အတွင်းမှာရှိတဲ့
အမျိုးသမီးပေါင်း ၉၀၀၀ ကို စမ်းသပ်မှုပြုလုပ်တဲ့ “CHOICE” လို့အမည်ရတဲ့
စီမံချက်တစ်ရပ်ကနေ ရရှိလာတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့
သုတေသနပြုသူတွေဟာ ကာလကြာရှည် သန္ဓေတားဆေး (ဥပမာ- IUD , implant) စတာတွေဟာ
ကလေးပျက်ကျခြင်း ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရှိခြင်းတွေကို
လျော့ကျစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီ ကာလ၀န်းကျင်တွေ
လောက်တုန်းကပဲ သုသေသနပြုသူတွေဆီက သန္ဓေတားဆေးတွေဟာ လိင်ဆက်ဆံမှု အကြိမ်ရေ
ပိုများတယ် ၊ လိင်ဆက်ဆံဖက်တွေလည်း ပိုများတတ်တယ်လို့ ယုံတမ်းစကားတွေ
ထွက်လာပါသေးတယ်။ မကြာသေးခင်က သန္ဓေတားဆေး ခြောက်လ ကနေ တစ်နှစ်အထိ
သုံးစွဲပြီးသွားတဲ့ အမျိုးသမီး ၇၇၅၁ ယောက်လောက်ကို ဖုန်းနဲ့ အတွင်းကျကျ
မေးခွန်းတွေ မေးမြန်းပြီး သုသေသနပြုကြည့်တဲ့အခါ သူမတို့ကလည်း အမှန်အတိုင်း
ဖြေဆိုဖို့ သဘောတူခဲ့ကြပါတယ်။ အမျိုးသမီး ၇၇၅၁ ယောက်အနက် ၇၀၀၀
ကျော်လောက်ရဲ့ အင်အားပြည့်ဝတဲ့ သတင်းစကားတွေအရ သန္ဓေတားဆေးဟာ အသုံးပြုသူ
အမျိုးသမီးတွေကို ပျက်စီးစေတတ်တဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်မိစေဘူးဆိုတာ
တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာလရှည်ကြ သန္ဓေတားဆေး သုံးစွဲတော့မယ်ဆိုရင်
အများပြောသလို အထက်ပါ ယုံတမ်းစကားတွေ မဖြစ်ပွားနိုင်တဲ့အပြင်
အကျိုးကျေးဇူးအချို့ပါ ရရှိစေနိုင်တယ်လို့ ခြုံငုံ သုံးသပ်လိုက်ရပါတယ်။
Ref:womenshealthmag.com
Ref:womenshealthmag.com

No comments:
Post a Comment