ဟောလိဝုဒ်ငွေကြယ်ပွင့် အိန်ဂျ လီနာဂျိုလီက ဒုတိယကမ္ဘာစစ် အတွင်းက အိုလံပစ်အပြေးချန်ပီယံ ဟောင်း လူးဝစ်ဇမ်ပီရီနီအကြောင်း ပုံဖော်ရိုက်ကူးထားသည့် Unbroken အမည်ရှိ ဒရာမာဇာတ်ကားကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ သြစတြေးလျ၌ အခြေချနေထိုင်ကာ ရိုက်ကူးပုံဖော်ခဲ့ပြီး ယင်းဇာတ်ကား သည် ၄င်းဘဝအတွက် အဓိပ္ပာယ် များစွာ ပေးစွမ်းနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ Unbroken ဇာတ်ကား သည် ဂျိုလီက ဒါရိုက်တာအဖြစ် ဖန်တီးပုံဖော်ခဲ့သည့် ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကား ရိုက်ကူးရာမှ အတွေ့အကြုံများ အနေဖြင့် တာဝန်ယူစိတ်ရှိမှု၊ ဘဝ အတွက် အရေးကြီးသောအရာများ နှင့် လမ်းညွှန်မှုများ၊ ဘဝအမြင်မှန်
များကို ပိုမိုသိရှိ နားလည်လာစေခဲ့ ပါကြောင်း ဆိုခဲ့သည်။
''အချို့ဇာတ်ဝင်ခန်းတွေကို ပြန် ရိုက်ချင်ပါတယ်၊ ဒါပေမယ့် ဘယ် အခန်းတွေပြန်ရိုက်မယ်ဆိုတာတော့ မသေချာပါဘူး၊ ရိုက်ခဲ့ဖူးသမျှ ဇာတ်ကားတွေထဲမှာ အခက်ဆုံးပါပဲ''ဟု အသက်(၃၈)နှစ်အရွယ် ဟောလိ ဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီက တူဒေးရှိုးအစီအစဉ်တွင် ဖြေကြား ခဲ့သည်။
အဆိုပါဇာတ်ကားကို သြစတြေး လျနိုင်ငံ ကွင်းစလန်ပြည်နယ်ရှိ Fox နှင့် Village Roadshow စတူဒီယို တို့တွင် အခြေစိုက်ရိုက်ကူးကာ ယင်း ဇာတ်ကား၏ သုံးမိနစ်စာ အစမ်း ပြကွက်ကို အိုလံပစ်ပွဲတော်(၂ဝ၁၄)ပွဲတော်ကာလအတွင်းက ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Unbroken ဇာတ်ကားတွင် မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး တရားဝင် ဖြန့်ချိပြသချိန်ကို ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်ဟု သတ်မှတ်ထားကြောင်း သိရသည်။
မျိုးစန္ဒာမောင်
The Mirror Daily
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment