'' လတ်တလောပြောပြချင်နေတဲ့အကြောင်း အရာကတော့ ဂျာနယ် တစ်စောင်ရဲ့မျက်နှာဖုံးမှာ ပါလာတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးပါ။''
လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပေါ်ပြူလာသို့ ရင်ဖွင့်ပြောကြားလာပါတယ်။
''ရေးထားတဲ့စာကြောင်းက အကြောင်းအရာတွေ အများကြီး ကြားထဲမှာရောပြီး ပါနေတယ်။ ရောပါ နေပေမယ့် အဲဒီတစ်ကြောင်းက ကျွန်မတို့အနုပညာ သမားတွေအတွက် တအားထိခိုက်တယ်။အမျိုးသား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အင် တာဗျူးထဲမှာပါတာပါ။အဲဒီ အင်တာဗျူးထဲမှာဆိုရင် မင်းကိုနိုင် သူ့စာအုပ် ထုတ်တယ်။ကြည်ဖြူသျှင်က အကုန် ဝယ်သွားတယ်တဲ့။ မင်းကိုနိုင်ထုတ်တဲ့ ဘယ်စာအုပ်ကို ကြည်ဖြူသျှင်က ဝယ်သွားတာလဲ၊ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ မင်းကိုနိုင်ထုတ်တဲ့ စာအုပ်ကိုလည်း ကြည်ဖြူသျှင် အကုန် မဝယ်ပါဘူး။ စာဖတ်သူတစ်ယောက် အနေနဲ့နိုင်ငံရေးသမား တစ်ယောက် ကို
လေးစားတဲ့အနေနဲ့ရော၊အနုပညာသမားတစ်ယောက်အနေနဲ့ပါ လေးစား လို့ ဖတ်ဖို့အတွက် တစ်အုပ်တလေဝယ်တာပါ။
ကိုမင်းကိုနိုင်အနေနဲ့ ထွက်တဲ့ဝတ္ထုဆိုရင် နောက်ကြည့်မှန် ဝတ္ထုပဲ ရှိပါသေးတယ်။ လုံးချင်းအနေနဲ့ ထွက်တာပေါ့လေ။ ဘယ်လိုအထောက် အထားကိုကြည့်ပြီးတော့ ကိုမင်းကို နိုင်ရဲ့ ဝတ္ထုကို ကြည်ဖြူသျှင်က အကုန် ဝယ်သွားတယ်လို့ ပြောရတာလဲ။ ဒီ စကားလုံးက ကျွန်မတို့ အနုပညာသမား တွေ အတွက် တအားထိခိုက်ပါတယ်။ စာဖတ်ပရိသတ်ကိုလည်း စော်ကား ရာ ရောက်ပါတယ်။ ပရိသတ်တွေက ငါတို့တော့ အားပေးလိုက်ရတာ၊ နောက်ဆုံးတော့ ကြည်ဖြူသျှင်က အကုန်ဝယ်တယ်ဆိုတေ့ ဝတ္ထုကို ဝယ်ယူအားပေးကြတဲ့ စာဖတ်ပရိသတ် ကို စော်ကားရာ ရောက်ပါတယ်။
ပြီးတော့ အနုပညာသမား၊ ဒါရိုက် တာတစ်ယောက်ဖြစ်တဲ့ ကျွန်မကို လည်း စော်ကားရာ ရောက်ပါတယ်။ ပြောတဲ့သူကလည်း ကိုယ်ပြောတဲ့ စကားအပေါ်မှာ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိရမယ်။ဂျာနယ်ကလည်း ထည့်တဲ့အခါမှာ ငါတို့ဆီကို ပေးသမျှ အကုန်ထည့် မယ်ဆိုတဲ့ စိတ် မရှိဘဲနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထည့်သင့် ပါတယ်။ ဒီလိုပဲပြောတဲ့ လူတွေက လည်း ကြားဖူးနား ဝရှိရုံနဲ့မပြောသင့်ပါဘူး။ ခိုင်လုံတဲ့ သက်သေအထောက် အထားရှိရှိနဲ့ပဲ ပြောသင့်ပါတယ်။ အဓိကကတော့ ကျွန်မ ပြောချင်တာက တော့ ကျွန်မတို့ အနုပညာသမားတွေ အတွက် ထိခိုက်လို့ ပြောချင် တာပါ'' လို့ ဒါရိုက်တာကြည်ဖြူသျှင်က ရှင်း ပြပါတယ်။
မကြာခင်ကထွက်ရှိထား တဲ့ 'ကုဋေရှစ်ဆယ်သူဌေးသမီးနဲ့ အမှိုက် ကောက်ဆရာ' ဇာတ်ကားမှာ အခြေခံလူတန်းစားတွေရဲ့ ဘဝအခြေ အနေကို ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ပြထားခြင်းဖြစ်ပြီး အရင်တုန်း ကမရခဲ့တဲ့ ဆင်ဆာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးလည်း အခုအချိန်မှာ ရလာပြီဆိုတာ လည်းပေါ်လွင်လာခဲ့ ပြီဆိုတာကိုလည်း ..
''အရင်တုန်းကဆို ရင် ဒီလိုမျိုး အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို ရိုက်ပြခွင့် မရခဲ့ဘူး။ ဒီလို မျိုးဆင်ဆာလွတ်လပ်ခွင့် ပေးလာတဲ့ အတွက်ကြောင့် ဆင်ဆာလူကြီးတွေကို ကျေးဇူးတင်တယ်။ နောင်လည်း ဒီလိုမျိုးပဲရှေ့ဆက်ပြီး မှန်ကန်တဲ့လမ်း ကြောင်းကနေလွတ်လပ်မှုတွေကို ထပ်ရ စေချင်တယ်''လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပြပါတယ်။ မကြာခင်မှာ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးပြီး ကောင်းပြည့်နဲ့ ခင်ဝင့်ဝါ သရုပ်ဆောင် ထားတဲ့ နတ်သမီးနှင့် ကျွန်တော် ဇာတ် ကားလည်း ထွက်ရှိလာတော့မှာ ဖြစ်ကြောင်းလည်း သိရပြီး လက်ရှိ ရိုက်ကူးပြီးသွားတဲ့ ဇာတ်ကားတွေ အနေနဲ့ပတ်သက်ပြီးလည်း ဒါရိုက်တာကြည်ဖြူသျှင်က
''ရိုက်ထားပြီး သားကားတွေကတော့ ကျိန်စာသင့်တက်တူး၊ ပရော်ဖက်ရှင်နယ် ဇာတ်ကားတွေဆိုရင် ဇာတ်အဆန်းတွေပါပဲ။နောက် ပိုင်းထွက်လာတဲ့ လက်ရာတွေသည် အရင်က ကြည်ဖြူသျှင် လက်ရာတွေ မဟုတ် တော့ဘူး။ လက်ရာအသစ်ပဲ ဖြစ်ရမယ်။'' လို့ ပြောပြ ခဲ့ပါတယ်။
လင်းအက္ခရာ
Popular Journal
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment