လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 9, 2014

တပ်မတော် ကလေးစစ်သား စုဆောင်းမှု ရပ်တန့်ရန် ကုလ အကူအညီ တိုးပေးမည်

Photo: တပ်မတော် ကလေးစစ်သား စုဆောင်းမှု ရပ်တန့်ရန် ကုလ အကူအညီ တိုးပေးမည်
Saturday, March 8, 2014

ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး စာရင်းဝင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ရှစ်ခုတွင် လာမည့် ၂ နှစ်ကျော်၌ ကလေးစစ်သား စုဆောင်းမှု လုံးဝ ရပ်တန့်ရေး အတွက် ကုလသမဂ္ဂက အကူအညီများ ထပ်တိုး ကူညီမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းနှင့် ပြန်ကြားရေး ဌာနက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အတွက် ငွေကြေးနှင့် နည်းပညာ အကူအညီများ ပိုတိုးပေးမည့် အပြင် တပ်မတော်မှ နုတ်ထွက်ခွင့် ရခဲ့သော ကလေးစစ်သား များကို ပတ်ဝန်းကျင်နှင့် ပြန်လည် ပေါင်းစည်းရေး အတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထောက်ပံ့မှုများ အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်မည် ဖြစ်ပြီး ကလေးစစ်သား ပပျောက်ရေး လုပ်ငန်း ဆောင်ရွက်လျက် ရှိသော မြန်မာနိုင်ငံကလည်း ယင်းစီမံချက်တွင် အကျုံးဝင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

“ကလေးဆိုတာ ကျောင်းမှာပဲ ရှိရမယ်။ စစ်တပ်မှာ မရှိရဘူး။ လက်နက်ကိုင် တပ်ဖွဲ့မှာ မရှိရဘူး။ ကလေးမှန်ရင် ခဲတံ၊ ဖတ်စာအုပ်နဲ့ပဲ စစ်တိုက်ရမှာ။ သေနတ်နဲ့ တိုက်ပွဲဝင်ဖို့ မဟုတ်ဘူး” ဟု မတ်လ ၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သဝဏ်လွှာ ပေးပို့ ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော် ကလည်း ၂၀၁၂ ခုနှစ်က ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရေးထိုးခဲ့သော ၁၈ လကြာ ကလေးစစ်သား စုဆောင်းမှု ရပ်ဆိုင်းရေး လုပ်ငန်းစီမံချက်ကို အချိန် ထပ်တိုးရန် စီစဉ်နေကြောင်း ၂၀၁၃ ခုနှစ်ကုန်ပိုင်း ကုလသမဂ္ဂ လက်နက်ကိုင် ပဋိပက္ခဒေသ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ပြောကြားသွားသည်။

ယင်းစီမံချက် စတင်ကတည်းက ယခုအချိန်အထိ တပ်မတော်မှ ကလေးစစ်သား နှစ်ရာကျော်ကို တရားဝင် နုတ်ထွက်ခွင့် ပြုထားခဲ့သော်လည်း တပ်မတော် အတွင်းရှိ အသက် ၁၈ နှစ်အောက် ကလေးစစ်မှုထမ်း များ၏ စာရင်း အတိအကျကိုမူ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများ ထံမှ သိရသည်။

အလားတူ ပြည်တွင်းစစ်များကြောင့် လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေး စစ်သားများ ကျန်ရှိနေပြီး ၎င်းတို့အတွက်လည်း စီမံချက် အချို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။ 
မြန်မာနိုင်ငံ အပါအဝင် အာဖဂန်နစ္စတန်၊ ချက်၊ တောင်ဆူဒန်၊ ဆိုမာလီယာ၊ ကွန်ဂို၊ ရီမင်နှင့် ဆူဒန် နိုင်ငံတို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆိုးရွားဆုံး ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု နိုင်ငံစာရင်းတွင် ထည့်သွင်းထားသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..