လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 9, 2014

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု

Photo: ၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု
Saturday, March 8, 2014

ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။
“Ca Mau ပြည်နယ် လေပိုင်နက်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဟိုချီမင်းမြို့ လေကြောင်းလမ်း ထိန်းချုပ်မှုနဲ့ အဆက်အသွယ်မရသေးခင်ပေါ့။” လို့ သတင်းထုတ်ပြန်ပါတယ်။ 
ဘိုရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်မှာ နို့စို့အရွယ် ကလေးနှစ်ဦး အပါအ၀င် နိုင်ငံပေါင်းစုံကခရီးသည် ၂၂၇ယောက် နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။ အဲ့ဒီ့ထဲကမှ ၁၅၈ယောက်ဟာ တရုတ်နိုင်ငံသားတွေပါ။ လေယာဉ် စီးဖို့ တရုတ်နိုင်ငံသား အယောက် ၁၆၀ စာရင်းပေးထားပေမဲ့ ၂ယောက်ကတော့ လေယာဉ် မမှီခဲ့ဘူးလို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။ 
လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ရင်တမမနဲ့ စောင့်နေခဲ့ရသူတွေဟာ လေယာဉ် ပင်လယ်ထဲပျက်ကျသွားပြီဆိုတဲ့ အတည်ပြုချက်လဲရရော ထိန်းမနိုင်သိမ်းမရ စို့နင့်လာပြီး ငိုကြွေးပူဆွေးခဲ့ကြရပါတယ်။ 

Ref:yahoo.com
သီဟနိုင် Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..