ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် စီးနင်းသူ ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုများပြားလာပြီး အပျော်စီးသင်္ဘောသစ်များ တိုးချဲ့၍ စီစဉ်ပြေးဆွဲလာကြကြောင်း သတင်းရရှိသည်။
“ခုချိန်မှာတော့ အပျော်စီးသင်္ဘော ခရီးစဉ်တွေကို နိုင်ငံခြားသား ခရီးသည် Business Group တွေက အများဆုံး စီးနင်းကြတယ်။ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား အဖွဲ့လိုက်ပေါ့။ တချို့ကလည်း လှိုင်မြစ်ကိုပါ ပို့ခိုင်းတာရှိတယ်။ တချို့ကလည်း ရန်ကုန်မြစ် အစအဆုံးကို ပို့ခိုင်းတာရှိတယ်” ဟု ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြစ်တွင်း အပျော်စီးရေယာဉ် အသင်းအား ဖွဲ့စည်းထားပြီး၊ အဆိုပါအသင်းတွင် ကုမ္ပဏီခြောက်ခုရှိပြီး၊ သင်္ဘောအနေဖြင့် ခြောက်စီးရှိကြောင်း သိရသည်။ မကြာခင်အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်
တိုးပွားနှင့်တေဇ သင်္ဘောနှစ်စီးအား ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘောအဖြစ် ပြုပြင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။
ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘော ခရီးစဉ်အား လိုက်ပါစီးနင်းလိုသူ ခရီးသည်များအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ခရီးစဉ်များတွင် ပြေးဆွဲခဲ့သော တိုးပွားနှင့်တေဇ သင်္ဘောနှစ်စီးအား ပြန်လည်ပြုပြင် တည်ဆောက်၍ ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘောအဖြစ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ပြေးဆွဲသွားမည်ဖြစ်သည်။
“လက်ရှိချိန်မှာ ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘော ခရီးစဉ်တွေကို ခရီးသည်တွေ စိတ်ဝင်တစား အပန်းဖြေစီးနင်း လိုက်ပါကြတဲ့အတွက် ဌာနရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းက ရရှိနိုင်စေဖို့ ခုလိုရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘောအနေနဲ့ ပြေးဆွဲတာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် အဆိုပါ တိုးပွားနှင့်တေဇ သင်္ဘောနှစ်စီးအား ဒလသင်္ဘောကျင်းနှင့် အလုံသင်္ဘောကျင်းတွင် လွန်းကျင်းတင် ပြုပြင်တည်ဆောက်နေပြီး မကြာခင် ပြီးစီးတော့မည်ဟု သိရသည်။
ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ပြေးဆွဲနေသော Royal Green River အပျော်စီးသင်္ဘော ကုမ္ပဏီသည် Royal Green River Baby အပျော်စီးသင်္ဘောသစ်ဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်ဖြစ်သည်။ ယင်းပြင် အဆိုပါကုမ္ပဏီမှ ခရီးသည် ၂၅၀ ဆံ့ Dinner Cruise အပျော်စီးသင်္ဘော တစ်စီးအား တည်ဆောက်လျက်ရှိပြီး မကြာခင် ပြီးစီးမည်ဟု သိရသည်။
အဆိုပါ Dinner Cruise အပျော်စီးသင်္ဘော တည်ဆောက်ပြီးစီးပါက ရန်ကုန်မြစ်အတွင်း ညနေတိုင်း ပြေးဆွဲသွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် လမ်းမတော် ၀ါးတန်းဆိပ်ကမ်းတံတားနှင့် ဗိုလ်တထောင် ဆိပ်ကမ်းတံတားတို့အား ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘော ဆိုက်ကပ်ရာ ဆိပ်ကမ်းတံတားများအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၊ လမ်းမတော်ရှိ အပျော်စီးသင်္ဘောများ ဆိုက်ကပ်ရာ ၀ါးတန်းဆိပ်ကမ်းမှာ အပျော်စီးသင်္ဘောများ အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲနေသည့် အပျော်စီးသင်္ဘော တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment