တယ်လီနောမြန်မာ၏ ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းရုံးချုပ်ကို Telenor House ဟုခေါ်ပြီး အမှတ် ၄၀၊ စက်မှု ၁ လမ်း၊ ရန်ကုန်မြို့တွင် တည်ရှိကာ အထပ် ၁၃ ထပ်ပါရှိကြောင်း သိရသည်။လက်ရှိတွင် အထပ်အားလုံး အသုံးပြုနိုင်ခြင်း မရှိသေးဘဲ တည်ဆောက်မွမ်းမံနေဆဲဖြစ်ကာ အထပ်အားလုံး အသုံးပြုနိုင်သည့်အခါ ၀န်ထမ်းပေါင်း ၆၀၀ ခန့် အလုပ်လုပ်နိုင်သော အကျယ်အ၀န်းမျိုးရှိကြောင်း သိရသည်။
တယ်လီနောမြန်မာ ရုံးချုပ်တွင် ၀န်ထမ်းအားလုံးအတွက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ပို့ချရာ ဌာနတစ်ခုဖြစ်သော Telenor Myanmar Academy အစရှိသည့် ၀န်ထမ်းများအတွက်
လုပ်ငန်းဆိုင်ရာ အထောက်အပံ့ ကိရိယာအမျိုးမျိုး ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“တယ်လီနောကို တခြားသူတွေနဲ့မတူ ထူးခြားစေတာကတော့ ကျွန်တော်တို့ရဲ့ မြန်မာဝန်ထမ်းတွေပါပဲ။ အထက်မြက်ဆုံး ဒေသခံ ၀န်ထမ်းတွေ၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံမှာ တစ်စုတစ်စည်းတည်း ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြည်သူ့ဗဟိုပြု လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းယဉ်ကျေးမှုကို တည်ဆောက်တဲ့ တယ်လီနောရဲ့ လုပ်ထုံးလုပ်နည်းကို Telenor Way လို့ ခေါ်ပါတယ်။ နောက်လာမယ့်နှစ်တွေဟာ လျင်မြန်စွာ တိုးတက်နေမယ်လို့ ထင်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဥက္ကဋ္ဌ Mr. Sigve Brekke က ပြောကြားသည်။
“Telenor House ဟာ မြန်မာတစ်နိုင်ငံလုံးက ကျွန်တော်တို့ ၀န်ထမ်းတွေအတွက် အဓိက အခြေပြုရာ နေရာဖြစ်တဲ့အပြင် ၀န်ထမ်းတွေအတွက် စိတ်ကူးဉာဏ် ကွန့်မြူးနိုင်တဲ့ အလုပ်လုပ်ကိုင် သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်လည်း ဖြစ်လာမှာပါ။ ဒီလို ပတ်ဝန်းကျင်ကြောင့် ၀န်ထမ်းတွေအကြားမှာ ပူးပေါင်းလုပ်ကိုင်လိုမှု တိုးတက်လာပါမယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားခဲ့သည်။
တယ်လီနောမြန်မာ ရုံးချုပ်ကို တွေ့ရစဉ်
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment