လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 6, 2014

Samsung Galaxy S5 ကို ဖေဖော်ဝါရီလ ၂၄ တွင် မိတ်ဆက်ပြသမည်

Samsung ရဲ့  နောက်ဆုံးထွက် Galaxy S5 ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မိတ်ဆက်ပြသသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ထူးခြားချက်အနေနဲ့ လက်ဗွေစနစ်ပါဝင်လာခြင်း ဖြစ်ပြီး လက်ဗွေစနစ်က မျက်နှာပြင်ပေါ်မှာ ဖြစ်ပါတယ်။ ဖန်သား မျက်နှာပြင်မှာ ဖိထားရမှာလည်း မဟုတ်ပါဘူး။ swipe လုပ်နေကျအတိုင်းပဲ လက်ညိုး၊ လက်မ တို့နဲ့ ဆွဲဖွင့်လိုက်တာနဲ့ လက်ဗွေမှန်ရင် အလိုအလျောက် ပွင့်သွားမယ့် စနစ် ဖြစ်ပါတယ်။ ဒီတော့ iPhone ရဲ့  Home Button က လက်ဗွေ စနစ်၊ HTC One Max က နောက်ကျော လက်ဗွေ စနစ်တို့နဲ့ မတူတော့ ပါဘူး။
ဖန်သား မျက်နှာပြင်ပေါ်မှာ ပါလာမယ့် လက်ဗွေဖြင့် ထိန်းချုပ်လုံခြုံရေး စနစ် ဖြစ်ပါတယ်။ ဒီမှာက Motion ကိုပါ မှတ်သားခြင်း ဖြစါပါတယ်။

Samsung Galaxy S5 က အလူမီနီယမ် ကိုယ်ထည်နဲ့ တစ်မျိုး၊ ပလပ်စတစ် ကိုယ်ထည်နဲ့ တစ်မျိုး ထွက်ရှိမှာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက် Mobile World Congress မှာ မိတ်ဆက်ပြသ တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..